သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများကို မိနစ်အပို သို့မဟုတ် ငွေ ပိုထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ် ပြုလုပ်မည်
by aungkyawmoe
Eleven Daily NewsYesterday, 03:04
အိုင်တီနည်းပညာပြပွဲတစ်ခုတွင် ဖုန်းသုံးစွဲနေသူ လူငယ်အချို့ကို တွေ့ရစဉ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပထမဦးဆုံးအကြိမ်အနေဖြင့် သင်္ကြန်ကာလတွင် မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် မိနစ်အပို (သို့) ငွေပို ထပ်ဆောင်းဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ရောင်းချခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များကို အရေအတွက် ငါးသောင်း တိုးမြှင့်ကာ လစဉ် မိုဘိုင်းဆင်းမ်ကတ် ၄၀၀၀၀၀ ကို ရောင်းချပေးသွားမည်ဖြစ်ပြီး တန်ဖိုးနည်း မိုဘိုင်းဖုန်းများ၏ သက်တမ်းကာလကိုလည်း ငွေဖြည့်ကတ် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်ကြောင်း သိရသည်။
“သင်္ကြန်ကာလမှာ ဖုန်းသုံးစွဲတဲ့သူတွေကို လက်ဆောင်ပေးတဲ့သဘောပါ မိနစ်အပို ဒါမှမဟုတ် ငွေပို ထပ်ဆောင်းဖြည့်ပေးတာမျိုးတွေ ပြုလုပ်ပေးသွားဖို့ စီစဉ်နေပါတယ်။ စီစဉ်ပြီးရင်တော့ ထုတ်ပြန်ကြေညာသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သင်္ကြန်ကာလအတွင်း မိုဘိုင်းဖုန်းသုံးစွဲသူများကို ယခုကဲ့သို့ ပြုလုပ်ပေးခြင်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သက်တမ်းတစ်လျှောက် ပထဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်မည့် ဆက်သွယ်ရေးကုမ္ပဏီများ ပေါ်ပေါက်လာခြင်းကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူများကို ပြုလုပ်ပေးရခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းသုံးစွဲသည့် အများပြည်သူကို ပိုမိုကောင်းမွန်သည့် အစီအစဉ်များ ပြုလုပ်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့် မိုဘိုင်းဖုန်းကိုင်ဆောင်သူအချို့က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးသည် ဧပြီလအတွက် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၁၂၅ç ၀၀၀ ကို ခွဲတမ်းရရှိပြီး၊ ပင်စင်များအတွက် ၁၅ç၀၀၀ ကိုလည်း ရောင်းချပေးမည်ဖြစ်သည်။

posted from Bloggeroid
No comments:
Post a Comment