Monday, April 7, 2014

အမိဧရာဝတီအတွက်ဆန္ဒပြသူများတားမြှစ်ခံရ

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်မြို့မှ ကချင်ပြည်နယ်သို့ လမ်းလျှောက်ဆန္ဒပြသူများ မကွေးတိုင်းဒေသကြီးတွင် တားမြစ်ခံရ
by htikeaung
Eleven Daily NewsYesterday, 03:05
Written by: 
ငြိမ်းဇော်လင်း

မကွေးတိုင်းဒေသကြီးတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် လမ်းလျှောက်ဆန္ဒပြသူများကို တွေ့ရစဉ်
ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် ရန်ကုန်မြို့မှ မြစ်ဆုံစီမံကိန်းတည်ရှိရာ ကချင်ပြည်နယ်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများသည် မကွေးတိုင်းဒေသကြီးတွင် တားမြစ်ခြင်းခံခဲ့ရကြောင်း ဧပြီ ၆ ရက်က မကွေးမြို့သို့ ရောက်ရှိစဉ် ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။

ဆန္ဒဖော်ထုတ်သူများ အနေဖြင့် မကွေးတိုင်းဒေသကြီးသို့ ရောက်ရှိစဉ် ခွင့်ပြုမိန့် မပါရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက ထိုသို့လူစုခွဲကာ နောက်ကြောင်းပြန်လှည့်ရန်နှင့် ရှေ့ဆက်မသွားရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

“နိုင်ငံတော်သမ္မတကြီးနဲ့တကွ တိုင်းနဲ့ပြည်နယ်အားလုံးကို အကြောင်းကြားစာ ပေးပို့ပြီးဖြစ်ပါတယ်။ ဒါအမျိုးသားရေးပါ။ အမျိုးသားရေးမှန်း သိလျက်နဲ့ တားမြစ်တာဟာ တစ်မျိုးသားလုံးအပေါ်မှာ သစ္စာဖောက်တာပါပဲ” ဟု လမ်းလျှောက်ဆန္ဒပြရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုရဲထွဋ်ခေါင်က ပြောကြားသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ အရောက်တွင်လည်း အာဏာပိုင်များက ၀င်ရောက်ခွင့် မပြုနိုင်ကြောင်း၊ စီတန်းလှည့်လည်ခွင့် မပြုကြောင်း၊ လူစုခွဲ၍ နောက်ကြောင်းပြန်လှည့်ရန် တားမြစ်မှုများ ရှိခဲ့ကြောင်းလည်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ကိုနန္ဒက ပြောကြားသည်။

မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းရန် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်သူများသည် မတ် ၂၃ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မှ စတင်ထွက်ခွာလာခဲ့ကြပြီး လမ်းတစ်လျှောက်တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှုများ မပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ ၀န်ခံကတိ လက်မှတ်ထိုးခဲ့ရကြောင်း သိရသည်။

Local
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment