Monday, April 7, 2014

အရေကျိုယာဉ်များကျန်ရှိနေ

ပိတ်သိမ်းပြီးဖြစ်သော ဟိုင်းလတ်ယာဉ်များကို ဧပြီလကုန်ထိ ထပ်မံတိုးမြှင့်
by YinYin
News @ M-Media —Yesterday, 17:58
ဧပြီ ၇၊ ၂၀၁၄
M-Media
လမင်း


ဓါတ်ပုံ – အင်တာနက်

ရန်ကုန်  ။         ။        စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလပ်ယာဉ်များကို မတ်လကုန်တွင် ပိတ်သိမ်းခဲ့ပြီး ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် မ.ထ.သ (ဗဟို)မှ ယာဉ်ပိုင်ရှင်များနှင့်ပြည်သူများ၏အခက်အခဲများကြောင့် တစ်လထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီနီဘတ်စ်အစားထိုးမှုတွေအဆင်မပြေတာကြောင့် ဟိုင်းလတ်ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လုပ်သားတွေက သူတို့တွေရဲ့အခက်အခဲတွေကို အကြိမ်ကြိမ် တင်ပြနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့နဲ့ ရန်ကုန်တိုင်းအစိုးရကြီးအဖွဲ့က တိုင်ပင်ပြီး တစ်လထပ်မံ တိုးမြှင့်ပေးလိုက်ရင် အဆင်ပြေမယ်လို့ တိုင်ပင်ပြီး တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်တယ်။ သူတို့တွေလည်းပြင်ဆင်ချိန်ပိုမိုရသွားတာပေါ့” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

၂၀၁၄ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကိုရပ်နားစေခဲ့ပြီး ၎င်းယာဉ်များအစား မီနီဘတ်များဖြင့် အစားထိုးပြေးဆွဲရာတွင် အစားမထိုးရသေးသည့်ယာဉ်များ များပြားနေသောကြောင့် ခရီးသွားအများပြည်သူများမှာ ယာဉ်မလုံလောက် သောကြောင့် အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသည်။

ရန်ကုန်မြို့စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဟိုင်းလတ်ယာဉ်များကို ဖေဖော်ဝါရီ လကုန်မှစ၍ ရပ်နားခိုင်းခဲ့သော်လည်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားများ၏ အခက်အခဲအမျိုးမျိုးတို့ကြောင့် မတ်လ ၃၁ ရက်နေ့ထိရွှေ့ဆိုင်းပေးခဲ့ပြီး ပိတ်ပင်ခဲ့ သော်လည်း ယာဉ်ပိုင်ရှင်များနှင့် ယာဉ်လုပ်သားတို့၏တောင်းဆိုမှုတို့ကြောင့် ဧပြီလ ၃ ရက်နေ့ တွင် ပြေးဆွဲခွင့်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ်ပေါင်း ၈၄၀ ရှိသည်။

ယခုကဲ့သို့ဟိုင်းလတ်ယာဉ်များကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်သောကြောင့် သင်္ကြန်ရက်အတွင်း ယခင်က မ.ထ.သ (ဗဟို) လက်အောက်မှ ယာဉ်လိုင်းပေါင်း ၁၁၃ လိုင်း ယာဉ်စီးရေ ၁၆၂၈ စီးပြေးဆွဲသွားမည်ဖြစ်သည်ဟု မ.ထ.သ (ဗဟို)မှ ထုတ်ပြန်ခဲ့သော်လည်း ယခု ဟိုင်းလတ်ယာဉ်များကြောင့် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့်ယာဉ်များ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Related Posts

သွေးမြေကျတဲ့အထိ တိုက်ပွဲဝင် သွားမယ်လို့ဆိုတဲ့ မိကျောင်းကန်ပြည်သူများ (Mar 25, 2014)
ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ်များ အစားထိုး ပြေးဆွဲသွားမည်ဟု မထသ ဥက္ကဋ္ဌပြော (Mar 20, 2014)
သမိုင်း တစ်လျောက်တွင် မြန်မာနိုင်ငံ၌ အကြီးကျယ်ဆုံးသော အာဆီယံ လူငယ် ဖိုရမ် ဖြစ်ခဲ့သည်ဟုပြော (Mar 19, 2014)
အာဆီယံဖိုရမ်တွင် ဆွေးနွေးရန် တိုင်းရင်းသား ဖိုရမ်ကျင်းပ (Mar 17, 2014)
ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား (Mar 15, 2014)
ဒီးဒို အချိုရည်သတင်းများနှင့် ပတ်သက်၍ ထိုင်း Foot Star ကုမ္ပဏီ ရှင်းလင်းမည် (Mar 15, 2014)
မိကျောင်းကန် တတိယအကြိမ် သပိတ်စခန်း ပြန်လည်ဖွင့်မည် (Mar 14, 2014)
တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း (Mar 13, 2014)
အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော (Mar 9, 2014)
အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်မည် (Mar 8, 2014)
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment