အပစ်ရပ်မူကြမ်းဆွေးနွေးပွဲ ဒုတိယနေ့ ဗိုလ်ချုပ်ဂွန်မော် မတက်
by 7daynews
News | 7Day DailyYesterday, 09:49
ဧပြီ ၆ ရက်တွင် ပြုလုပ် သည့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးမူကြမ်း ရေးဆွဲရေးဆိုင် ရာ ဆွေးနွေးပွဲ ဒုတိယနေ့၌တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တတိယခေါင်းဆောင် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိ ယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် တက်ရောက်ခြင်း မရှိခဲ့ကြောင်း သတင်းရရှိသည်။
‘‘ညှိနှိုင်းရေးအဖွဲ့ထဲ မပါလို့ လေ’’ ဟု တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ ဒု တိယခေါင်းဆောင် ဖဒိုစောကွယ် ထူးဝင်းက ဗိုလ်ချုပ်ဂွန်မော် မတက်ရောက်ခြင်းနှင့်ပတ်သက်၍ ပြောသည်။
သို့သော် ဧပြီ ၇ ရက်တွင် ပြုလုပ်မည့် အစည်းအဝေကိုမူ ဗိုလ်ချုပ်ဂွန်မော် တက်ရောက် မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ် မော်ရုံးအဖွဲ့မှ အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။
ဒုတိယနေ့မြောက်ပြုလုပ် သော ဆွေးနွေးပွဲတွင် NCCT မှ ဒုတိယခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းက ဦးဆောင် ဆွေးနွေးခဲ့ပြီး အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့် အဖွဲ့ဝင်များအဖြစ် ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းအပါအ၀င် အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့သည်။
အစိုးရဘက်ကမူ ၀န်ကြီးဦး အောင်မင်းက ဦးဆောင်ဆွေးနွေး ပြီး လွှတ်တော်ဘက်မှ ဦးသိန်းဇော် နှင့် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးဆွဲရန်အ တွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၂၁ )ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီတို့သည် ဧပြီ ၅ ရက်တွင် စတင်ခဲ့ကြသည်။
ဆွေးနွေးပွဲ ဒုတိယနေ့ဖြစ် သော ဧပြီ ၆ ရက်တွင်မူ NCCT အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီနှင့်သာ ဆက်လက် ဆွေးနွေးကြပြီး NCCT အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ တက်ရောက် ခြင်းမရှိတော့ကြောင်း သတင်း ရရှိသည်။
တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခု ရရှိရန်အတွက် NCCT မှ ကိုးဦး၊ အစိုးရဘက်မှ သုံးဦး၊ လွှတ်တော်မှ သုံးဦးနှင့် တပ်မတော်ဘက်မှ သုံး ဦး စုစုပေါင်း(၁၈) ဦး ကော်မတီက ဦးဆောင်ဆွေးနွေးရန် ပြီးခဲ့သည့် ဆွေးနွေးပွဲက သဘောတူခဲ့ပြီး ထို အဖွဲ့ကသာ ဆက်လက်ဆွေးနွေး ကြမည်ဖြစ်သည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးမူကြမ်းတွင်ပါဝင်သော အခန်း ၇ ခန်းထဲမှ နိဒါန်းနှင့်အခြေခံမူ အခန်းကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး မတ်လ ၇ ရက်တွင် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment