Tuesday, April 8, 2014

ထိုင်းနယ်ခြားစောင့် စစ်တပ်နှင့် မူးယစ်ကုန်သည်တွေ ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး
by ဒီဗွီဘီ
DVBYesterday, 20:45
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်မှာ  ဧပြီလ ၆ ရက် ညနေက  ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့နဲ့ မူးယစ်ဆေးကုန်သည်တွေ ပစ်ခတ်ကြလို့ ၂ ဦး သေဆုံးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။


ဓာတ်ပုံ – thairath.co.th

ပါတိန့်ကျေးရွာအုပ်စုအပိုင် မြန်မာနယ်စပ်နဲ့ မီတာ ၅၀၀ အကွာ တောအုပ်ထဲကနေ လူ ၁၀ ဦးလောက် သေနတ်ကိုယ်စီ၊ ကျောပိုးအိတ်ကိုယ်စီနဲ့ ဖြတ်သန်းသွားတာ တွေ့ရကြောင်း သတင်းအရ  ထိုင်းနယ်ခြားစောင့်တပ်က ရပ်ခိုင်းရာကနေ အပြန်အလှန်ပစ်ခတ်ကြတာလို့ ဒုရဲမှူး နိုင်းကဆိခစ် လတ်ကလုတ်က  ပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ မူးယစ်ကုန်သည်တွေဘက်က ဖြစ်ပြီး သူတို့အိတ်ထဲက ရာဘမြင်းဆေး အလုံးရေ တစ်သိန်း နဲ့ ဘိန်းဖြူ  ၇ ကီလိုဂရမ်ကို ဖမ်းဆီးရမိကြောင်းနဲ့ ကျန်သူတွေတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သူက ပြောပါတယ်။

သေဆုံးသူ ၂ ဦးအနက် တဦးက ထိုင်းတောင်ပေါ်တိုင်းရင်းသား နိုင်းကျတူး ကျလာ (အသက် ၂၀ နှစ်)ဖြစ်ပြီး နောက် တဦးမှာတော့ မှတ်ပုံတင် အထောက်အထားမတွေ့ဘဲ တဘက်နိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် ၀တပ်ဖွဲ့ဝတ်စုံ ၀တ်ထားကြောင်း ဒုရဲမှူးက ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ ဘယ် တိုင်းရင်းသား ဘက်ကမှ တုံ့ပြန်ရှင်းလင်းခြင်း မရှိကြပါဘူး။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment