Monday, April 7, 2014

သီလဝါဆိတ်ကမ်းတိုးချဲ့ တည်ဆောက်ရန်

သီလ၀ါဆိပ်ကမ်း၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေ ကုန်တင်ဆိပ်ကမ်းနှင့် ကုန်သေတ္တာတင်ဆိပ်ကမ်းနှစ်ခု တည်ဆောက်ရန် တင်ဒါခေါ်ယူမည်
by htikeaung
Eleven Daily NewsYesterday, 03:05
Written by: 
ရွှန်းလဲ့ဝင်း

သီလ၀ါဆိပ်ကမ်း တစ်နေရာကို တွေ့ရစဉ်
သီလ၀ါဆိပ်ကမ်း၌ ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထွေထွေ ကုန်တင်ဆိပ်ကမ်းတစ်ခုနှင့် ကုန်သေတ္တာတင်ဆိပ်ကမ်း တည်ဆောက်ရန် တည်ဆောက်ရေးတင်ဒါနှင့် ပစ္စည်းဝယ်ယူရေးတင်ဒါများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“သီလ၀ါဆိပ်ကမ်းမှာ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဂျပန်အိုဒီအေချေးငွေ ရယူပြီး အထွေထွေ ကုန်တင်ဆိပ်ကမ်းတစ်ခုနှင့် ကုန်သေတ္တာတင် ဆိပ်ကမ်းတစ်ခုကို တည်ဆောက်သွားမှာပါ။ ခုလက်ရှိ ဆောက်ရေးလုပ်ငန်းတွေအတွက် အရည်အသွေးပြည့်ဝတဲ့ နိုင်ငံတကာ တည်ဆောက်ရေးတင်ဒါတွေနဲ့ ပစ္စည်းဝယ်ယူဖို့အတွက် တင်ဒါခေါ်ယူမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် တည်ဆောက်မည့် သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများအား ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်သည်။

လက်ရှိတွင် သီလ၀ါဆိပ်ကမ်း၌ အထွေထွေကုန်စည် ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအနေဖြင့် MITT နှင့် MIPL ဆိပ်ကမ်းနှစ်ခုသာရှိပြီး၊ အထွေထွေ ကုန်စည်တင် ဆိပ်ခံတံတား တစ်စင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သိရသည်။

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အနေဖြင့် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းအား ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရန်အတွက် အတိုင်ပင်ခံ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းခြင်း၊ တည်ဆောက်မည့် ကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်း၊ ဆိပ်ကမ်းနောက်ခံမြေကွက်များပေါ်တွင် တည်ဆောက်မည့် မြေပြင်အဆောက်အုံများအတွက် လိုအပ်မည့်အုပ်ချုပ်မှု ကိစ္စများအား ဆောင်ရွက်နေကြောင်း သိရသည်။

သီလ၀ါဒေသတွင် ဆိပ်ကမ်းများတည်ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာအလျား ၂၀၀ မီတာ၊ ကုန်းတွင်းဘက်သို့ ၇၅၀ ကီလိုမီတာ (အကျယ် ၃၇ ဒသမ ၀၆ ဧက)ရှိ မြေကွက် ၃၇ ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။ ယင်းမြေကွက် ၃၇ ကွက်အနက်မှ မြေကွက် ၂၇ ကွက်တွင် ကုမ္ပဏီအသီးသီးမှ ဆိပ်ကမ်းများ တည်ဆောက်ထားပြီး၊ မြေကွက် ၁၀ ကွက်မှာ နေရာလွတ် ကျန်ရှိနေသည်။ အဆိုပါ မြေကွက် ၁၀ ကွက်အနက်မှ မြေကွက်ငါးကွက်အား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဂျပန်အိုဒီအေချေးငွေဖြင့် ဆိပ်ကမ်းတည်ဆောက်မည်ဖြစ်သည်။

ယခုချိန်တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်မှု ပထမအဆင့်အတွက် သီလ၀ါဒေသရှိ မြေကွက်အမှတ် ၂၅၊ ၂၆ နှင့် ၃၀ ရှိ လယ်ယာမြေများအား မြေယာထောက်ပံ့ကြေးပေးရန် ဒေသခံများနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

Business
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment