သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ကျောက်တံခါးမြို့နယ် တရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်
by mgtoe
Eleven Daily NewsYesterday, 04:35
Written by:
ကြည်နိုင်၊ အောင်ထက်ခိုင်
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်က မူးယစ်ဆေး ၀ါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်ခြောက်နှစ်ချလိုက်ပါ တယ်။ လောလောဆယ်မှာတော့ သူ့ကို တောင်ငူထောင်မှာထားရှိထားတယ်လို့ သိရ ပါတယ်" ဟု ကျောက်တံခါး မြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် အာကာဇော်က ဧပြီ ၇ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။
သရုပ်ဆောင်ရဲတိုက်၏အမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှ အမိန့်ချမှတ်နိုင်ခဲ့ရာ ၁၀ လနီးပါးခန့်ကြာမြင့်ခဲ့သည်။
သရုပ်ဆောင်ရဲတိုက် (၃၀ နှစ်) (ဘ)ဦး (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာခန့်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ၀ယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းကို ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် တရားရုံးမှ ရာကြီး-၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ ဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၂၈ ရက် က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းအတွင်း သက်ဆိုင်ရာခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း တာဝန်ရှိသူက တရားလိုပြု တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက်၊ အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅/(က)ဖြင့် မေ ၂၈ ရက်တွင် အမှုဖွင့်ကာ ထိန်း သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုကို သရုပ်ဆောင်ရဲတိုက် ဘက်မှ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်က ဗိုလ်တ ထောင်မြို့နယ် တရားရုံးတွင် ၎င်းအနေဖြင့် မှားယွင်းလုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ရခြင်းအတွက် ဘုရားရှိခိုး ကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၊ သာသနာ အကျိုးဆောင်အဖွဲ့နှင့် ဘာသာဝင်များအား လုံးကို အနူးအညွတ်တောင်းပန်ပါကြောင်း နှင့် နောက်တွင်လည်း အလားတူ မဖြစ် ပွားစေရန် ၎င်းအနေနှင့်တာဝန်ယူပါကြောင်း ပြန်လည်တောင်းပန် ခဲ့သောကြောင့် ဘုရားကျောင်းတာဝန်ရှိသူဘက်မှ ကျေအေးပေးခဲ့ ရာ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးက ကျပ်ငါးသိန်း ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။
Local
Show commentsOpen link

by mgtoe
Eleven Daily NewsYesterday, 04:35
Written by:
ကြည်နိုင်၊ အောင်ထက်ခိုင်
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်က မူးယစ်ဆေး ၀ါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်ခြောက်နှစ်ချလိုက်ပါ တယ်။ လောလောဆယ်မှာတော့ သူ့ကို တောင်ငူထောင်မှာထားရှိထားတယ်လို့ သိရ ပါတယ်" ဟု ကျောက်တံခါး မြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် အာကာဇော်က ဧပြီ ၇ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။
သရုပ်ဆောင်ရဲတိုက်၏အမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှ အမိန့်ချမှတ်နိုင်ခဲ့ရာ ၁၀ လနီးပါးခန့်ကြာမြင့်ခဲ့သည်။
သရုပ်ဆောင်ရဲတိုက် (၃၀ နှစ်) (ဘ)ဦး
ထို့နောက် ၎င်းကို ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် တရားရုံးမှ ရာကြီး-၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ ဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၂၈ ရက် က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းအတွင်း သက်ဆိုင်ရာခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း တာဝန်ရှိသူက တရားလိုပြု တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက်၊ အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅/(က)ဖြင့် မေ ၂၈ ရက်တွင် အမှုဖွင့်ကာ ထိန်း သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုကို သရုပ်ဆောင်ရဲတိုက် ဘက်မှ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်က ဗိုလ်တ ထောင်မြို့နယ် တရားရုံးတွင် ၎င်းအနေဖြင့် မှားယွင်းလုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ရခြင်းအတွက် ဘုရားရှိခိုး ကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး၊ သာသနာ အကျိုးဆောင်အဖွဲ့နှင့် ဘာသာဝင်များအား လုံးကို အနူးအညွတ်တောင်းပန်ပါကြောင်း နှင့် နောက်တွင်လည်း အလားတူ မဖြစ် ပွားစေရန် ၎င်းအနေနှင့်တာဝန်ယူပါကြောင်း ပြန်လည်တောင်းပန် ခဲ့သောကြောင့် ဘုရားကျောင်းတာဝန်ရှိသူဘက်မှ ကျေအေးပေးခဲ့ ရာ ၂၀၁၃ ခုနှစ် မေ ၃၁ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးက ကျပ်ငါးသိန်း ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment