မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သည့် အဆောက်အအုံများနှင့် ပို့ဆောင်ရေးပိုင်းဆိုင်ရာ များစွာလိုအပ်နေ
by htikeaung
Eleven Daily NewsToday, 01:20
Written by:
နှင်းဝေေ၀နွယ်
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သည့် အဆောက်အအုံများနှင့် ပို့ဆောင်ရေးပိုင်း ဆိုင်ရာများ များစွာလိုအပ်နေသေးကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောကြားသည်။
“ကားတွေက ကျွန်တော်တို့မြင်ရင် တက်ရင်၊ ဆင်းရင် ကြာမှာစိုးလို့ မတင်ချင်ကြဘူး။ အဲဒါကြောင့် မသန်စွမ်းတွေက ရုံးဆင်း၊ ရုံးတက် အဆင်မပြေတော့ အလုပ်မရဘူး။ အလုပ်မရတော့ ၀င်ငွေမရှိဘူး။ ၀င်ငွေမရှိတော့ မိသားစုဝင်တွေကို ဒုက္ခပေးသလို ဖြစ်နေတယ်။ အဲဒီတော့ မိသားစုက ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတယ်။ အဲဒီတော့ မသန်စွမ်းတစ်ယောက်က ပညာတတ်ရဲ့သားနဲ့ လုပ်နိုင်ကိုင်နိုင်ရဲ့သားနဲ့ အလုပ်ရှင်က ပေးပါ့မယ်ဆိုရဲ့သားနဲ့ အလုပ်အကိုင် အခွင့်အလမ်း မရဘူး။ အဲဒါက ပို့ဆောင်ရေးပိုင်းဆိုင်ရာမှာ သွားလာရခက်ခဲလို့ ဖြစ်ရတာတွေပါပဲ” ဟု ပို့ဆောင်ရေးပိုင်းဆိုင်ရာတွင် မသန်စွမ်းသူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဦးမြတ်သူဝင်းက ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တွင်းရှိ အများစုသော အဆောက်အအုံများသည် မသန်စွမ်းသူများအတွက် များစွာအခက်အခဲများ ဖြစ်စေကြောင်းလည်း သိရသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment