Tuesday, April 8, 2014

မြန်မာ ဘဏ်လုပ်ငန်းသီရိလကာင်္

မြန်မာ့ဘဏ် လုပ်ငန်းသို့ ဝင်လာမည့် သီရိလင်္ကာဘဏ်
by 7daynews
News | 7Day DailyYesterday, 11:20
သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံး ဘဏ်ဖြစ်သည့် Comm-ercial Bank PLC (Combank)သည် မြန်မာနိုင်ငံတွင် ယခုနှစ်၌ ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ် သွားမည်ဟု ဘဏ်ဥက္ကဋ္ဌ ဒင်နစ် ဝီရက်ကိုဒီက ပြောကြားသည်။

Commercial Bank PLC (Combank) ဘဏ်သည် မြန်မာ အာဏာပိုင်များနှင့် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်း စည်းကမ်းလိုအပ်ချက်များနှင့် ပြည့်စုံပြီဖြစ်၍ ရုံးခန်းဖွင့်ရန် စတင်ပြင်ဆင် နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် ဈေး ကွက်အနေအထားမှာလည်း အ လွန်ကောင်းမွန်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌နိုင်ငံခြားဘဏ် ၃၄ ခုက ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ထားသည်။ အဆိုပါ ဘဏ်များသည် လက်ရှိတွင် ပြည်တွင်းဘဏ်များနှင့်သာ ဖက်စပ်ဆောင်ရွက်နိုင်ပြီး မကြာမီတွင် နိုင်ငံခြားဘဏ်များအား လုပ်ငန်းအပြည့်လည်ပတ်ခွင့်ပေးရန် မြန်မာအစိုးရက ပြင်ဆင်လျက်ရှိသည်။ လက်ရှိမြန်မာနိုင်ငံ ဘဏ်လုပ်ငန်းတွင် အစိုးရဘဏ်လေးခုက လုပ်ငန်း၏ သုံးပုံနှစ်ပုံကို ထိန်းချုပ်ထားပြီး ပုဂ္ဂလိက ဘဏ်များမှာ အရှိန်ယူနေရဆဲဖြစ်သည်။

ယင်းဘဏ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ၂၀၀၃ ခုနှစ်ကတည်းက ဖွင့်လှစ်ထားရှိ သည်။

ကိုးကား− Daily Mirror

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment