Monday, April 7, 2014

ဆန္ဒပြရန်အတွက်

ရန်ကုန်မြို့တွင် လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်နိုင်ရန် ပြည်သူ့ ဟစ်တိုင် ပြုလုပ်ပေးမည်
by M-Media
News @ M-Media —Apr 5, 2014
ဧပြီ ၄၊ ၂၀၁၄
M-Media
လမင်း

ရန်ကုန်။      ။ အများပြည်သူများ မည်သူမဆိုလွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်ရန်  လူထုဟစ်တိုင် ရန်ကုန်မြို့တွင် ဆောက်လုပ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့ပါတယ်။



“ဆန္ဒပြသမှုများကြောင့် အများပြည်သူများ အပန်ဖြေသည့်နေရာများတွင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ် ။ မြို့တော်ခန်းမရှေ့ဆိုရင် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာတဲ့နေရာတစ်ခုပါ။ ဆန္ဒပြသူအများစုကလည်း ဒီမှာပဲလာပြနေကြတော့ နိုင်ငံတကာက လူတွေမြင်သွားရင် မကောင်းဘူး။ နောက်ပြီး နိုင်ငံကိုဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေလည်း တွန့်ဆုတ်သွားနိုင်တယ်” ဟု၎င်းက ဆက်လက်ပြောပါတယ်။

နေရာအနေအထား အကျယ်အ၀န်းတွေ့ပါက လူများများနှင့်ပြောဆိုနိုင်သော ဟစ်တိုင်တစ်ခု ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ဟစ်တိုင်ဆောက်ပြီးပါကလည်း မည်သည့် ကန့်သတ်ချက်မှ လုပ်ဆောင်မည် မဟုတ်ဘဲ စိတ်ကြိုက်ပြောဆို လုပ်ဆောင်နိုင်ကြောင်း ၊ ပြည်သူများ၏ ဆန္ဒပြရသည့် အကြောင်းအရင်းများကို နားလည်မှုရှိသော်လည်း ဥပဒေနှင့်အညီ အရေးယူရမှုများရှိကြောင်း၊  ညှိုနှိုင်းဖြေရှင်းခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက်မှစတင်ကာ မိကျောင်းကန်မြေယာများပြန်လည်ရရှိရေးအတွက် သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြပြီး ၎င်းသပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီတွင် တစ်ကြိမ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တစ်ကြိမ် လူအများ အိပ်နေချိန်တွင် စည်ပင်ဝန်ထမ်း၊ အရပ်ဝတ် လူများက အင်အားသုံး ဖြိုခွင်းခဲ့ကြပါတယ်။

Related Posts

ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား (Mar 15, 2014)
ဒီးဒို အချိုရည်သတင်းများနှင့် ပတ်သက်၍ ထိုင်း Foot Star ကုမ္ပဏီ ရှင်းလင်းမည် (Mar 15, 2014)
မိကျောင်းကန် တတိယအကြိမ် သပိတ်စခန်း ပြန်လည်ဖွင့်မည် (Mar 14, 2014)
တရုတ်-မြန်မာ ချစ်ကြည်ရေး အဖြစ် အလင်းရောင် ဖောင်ဒေးရှင်းသို့ ဆေးကုသရေး ယာဉ်လှူဒါန်း (Mar 13, 2014)
အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော (Mar 9, 2014)
အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်မည် (Mar 8, 2014)
အမျိုးသမီးတွေ မပါရင် ငြိမ်းချမ်းရေး လုပ်တာ မပြည့်စုံဘူးလို့ လွှတ်တော်အမတ် (Mar 8, 2014)
လယ်မြေစိုက်ပျိုးခွင့် အသိအမှတ်ပြုပြီး ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် သမ္မတကြီးထံသို့ အသနားခံစာတင် (Mar 7, 2014)
မြန်မာ့ဂုဏ်ရောင်အိမ်ယာတွင် သပိတ်ခစန်းဖွင့်ဆန္ဒပြနေသူများ တိုင်းဒေသကြီးလွှတ်တော်ရှေ့တွင် ဆန္ဒပြသခွင့် ပယ်ချခံရ (Mar 7, 2014)
၂၀၁၄ အာဆီယံပြည်သူ့ ဖိုရမ်ကျင်းပရန် အဆင်သင့်ဖြစ်ပြီဟု ဖြစ်မြောက်ရေး ကော်မတီပြော (Mar 6, 2014)
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment