Tuesday, April 29, 2014

လက်ပံတောင်းကိစ္စ

လက်ပံတောင်းတောင်ရှိ လယ်တီသိမ်နှင့် စေတီရွှေ့ပြောင်းရန် အသေးစားဖြိုဖျက်ခြင်းလုပ်ငန်းများ စတင်
by ktn.kyaw
Eleven Daily NewsToday, 01:20
Written by: 
ဟိန်းမင်းထက်

လယ်တီသိမ်နှင့် စေတီရွှေ့ပြောင်းမည့် ကျော်ရွာဘေးရှိ သတ်မှတ်ထားသောမြေနေရာအား တွေ့ရစဉ်
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ ပထမလယ်တီဆရာတော်ဘုရားကြီး ဦးဥာဏဓဇ သီတင်းသုံးနေထိုင်ခဲ့ရာ စေတီ၊ သိမ်နှင့် သာသနိကအဆောက်အအုံများကို ယခင်နေရာဟောင်းမှ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းပေါ်ရှိ ကျော်ရွာတောင်ဘက်ကွင်း အမှတ် ၇၇၄ (က) သို့ ရွှေ့ပြောင်းရန် ပြင်ဆင်လျက်ရှိရာ ဧပြီ ၂၈ ရက်ည ၇ နာရီမှ စတင်ကာ ဖြိုဖျက်ခြင်း အသေးစားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

"လယ်တီသိမ်အဟောင်းကို ဖြိုဖျက်တဲ့လုပ်ငန်းတွေကို ဧပြီ ၂၈ ရက် ည ၇ နာရီကစပြီး ငြမ်းဆင်တာတွေလုပ်ပြီး ခွာချသင့်တဲ့နေရာတွေကို ခွာချပါတယ်။ ည ၉ နာရီအထိ လုပ်တယ်လို့သိရတယ်။ ဒေသခံတွေအနေနဲ့ ဧပြီ ၂၉ ရက်မှာ သိမ်ဖျက်တာတွေ ဘာတွေဆက်လုပ်သလဲဆိုတာကို လေ့လာစောင့်ကြည့်နေပါတယ်။ ဧပြီ ၂၉ ရက် နံနက် ၈ နာရီက နေ ၁၀ နာရီအထိ ဒေသခံတွေကဆန္ဒပြရာမှာ လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်နှိမ်နင်းမှု တစ်နှစ်နဲ့ငါးလပြည့်အဖြစ် ဆန္ဒပြရာမှာ လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းရေး၊ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်နဲ့ စေတီတွေကို ဖြိုဖျက်ဖို့ကြိုးစားတဲ့ မိစ္ဆာဒိဌိတွေ အလိုမရှိစတဲ့ အချက်ဆယ်ချက်နဲ့ ဆန္ဒပြခဲ့တယ်" ဟု လက်ပံတောင်းတောင် ဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမင်းကဆိုသည်။

"ဧပြီ ၂၈ ကစပြီး လက်ပံတောင်းတောင်စီမံကိန်းထဲကို ဌာနဆိုင်ရာ ၀န်ထမ်းအားလုံး ၀င်ခွင့်မပြုပါဘူး။ သိမ်ဖျက်တာဖြစ်နိုင်ပါတယ်" ဟု လက်ပံတောင်းတောင်စီမံကိန်းမှ တာဝန်ကျဝန်ထမ်းတစ်ဦးကဆိုသည်။

ဒေသခံများက လက်ပံတောင်းတောင်ဒေသတွင် လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သောနေရာအဖြစ် သတ်မှတ်ထားပြီး ဒေသအာဏာပိုင်များက လယ်တီဆရာတော် သီတင်းသုံးခဲ့သည်မှာ မသေချာဟု ငြင်းဆိုထားသော အဆိုပါလယ်တီစေတီ၊ သိမ် စသည့် သာသနိက အဆောက်အအုံများကို ၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသောနေရာသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး အဆိုပါသာသနိအဆောက်အဦများ ရွှေ့ပြောင်းရန်အတွက် နှစ် ၆၀ ဂရမ်ကို ပယ်ဖျက်ရန် မြေစာရင်းဌာနက ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆားလင်းကြီးမြို့နယ် တောင်ပေါ်ကျောင်းမှ သက်တော် ၆၃ ၀ါရ ဆရာတော်ဥူးအာဒိစ္စ၀ံသ (စာရေးဆရာ ဌေးလွင်-ဆားလင်းကြီး) က "ဘာသာရေးကို အလေးအနက်ထား စဉ်းစားရင်တော့ တစ်မျိုးပေါ့။ အခုဟာက သံဃာတော်တွေက သိမ်သမုတ်ခဲ့ပြီး သံဃာတော်တွေက ပြန်ပြီးသိမ်နှုတ်တာမဟုတ်ဘူး။ အခုအကြောင်းအရာက နိုင်ငံတော်စီမံကိန်းပဲ။ မင်းပြဋ္ဌာန်းပေးတဲ့နေရာမှာ ၀ါဆိုရတာတွေ ရှိဖူးတယ်။ သာသနာ့နယ်မြေဖြစ်နေတဲ့အတွက် သာသနာ့နယ်မြေကို အသုံးချပြီးထွက်လာမယ့် အကျိုးအမြတ်ကို သာသနာတော်အတွက် အကျိုးရှိရှိ အသုံးချမချပဲ ကြည့်ရမယ်"ဟု မိန့်ကြားသည်။

Local
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment