Tuesday, April 29, 2014

မိမိခန္ဓာကိုယ်အတွက်

ဘီယာ အရက်နှင့် အစာချေဖျက်မှု
by 7daynews
News | 7Day DailyToday, 13:32
တစ်ညတာအပြင်ထွက်၍ အရက်သေစာသောက်စားခြင်းဖြင့် အချိန်အတော်ကြာ ပြုလုပ်ခဲ့သော ခန္ဓာကိုယ်အလေးချိန် စောင့်ကြည့်ခြင်းနှင့် အစားအစာထိန်းချုပ်စားသောက်ခြင်းတို့ကို ပရမ်းပတာဖြစ်သွားစေနိုင်သည်။

အရက်သောက်ခြင်းသည် ခန္ဓာကိုယ်အတွက် မလိုအပ်သော ကယ် လိုရီများ တိုးပွားစေရုံသာမက ဆာလောင်ခြင်း၊ အိပ်စက်ခြင်းနှင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အပေါ် သက်ရောက်မှုရှိခြင်းများ ဖြစ်စေပြီး အစားအစာ စားသောက်မှု အစီအစဉ်များကို ပျက်စီးစေသည်။ အရက်တစ်ခွက်၊ နှစ်ခွက်သောက်ခြင်းက ပြဿနာမရှိနိုင်ဟု အလွယ်တကူ ယူဆလျှင် အရက်သည် စားသောက်မှုပုံစံကို မည်သို့ထိခိုက်နိုင်ကြောင်း အောက်ပါအတိုင်း သိနိုင်သည်။

ခန္ဓာကိုယ်အတွက် မလိုအပ်သော ကယ်လိုရီများ

ဘီယာဘူးတစ်ဘူးတွင် ၁၅၄ ကယ်လိုရီခန့်ပါဝင်ပြီး မာတီနီတွင် ကယ်လိုရီ ၂၅၀ ခန့် ပါဝင်သည်။ ယင်းကယ်လိုရီများမှာ အာဟာရတန်ဖိုး လုံးဝမရှိပေ။ ခန္ဓာကိုယ်သည် ယင်းကယ်လိုရီများကို အကျိုးရှိရှိ အသုံးမချသောကြောင့် ခန္ဓာကိုယ်အလေးချိန်များ တက်လာလိမ့်မည်ဖြစ်သည်။

စားချင်စိတ်များ တိုးများလာခြင်း

အရက်သောက်နေစဉ် အစာမစားဘဲ နေရန် ကြိုးစားသော်လည်း ပျို့အန်ချင်စိတ်များ ဖြစ်လာပြီးနောက်တွင် အစာများ အလွန်အကျွံစားမိလိမ့်မည်ဖြစ်သည်။ အရက်သောက်ခြင်းသည် အစားအစာထိန်းချုပ် စားသုံးမှုအပေါ်လည်း အကျိုးသက်ရောက်မှု ရှိသောကြောင့် ကယ်လိုရီဓာတ်မြင့်မားသော အစားအစာများစွာကို စားမိလိမ့်မည်ဖြစ်သည်။

ရေဓာတ်ကုန်ခန်းခြင်း

အရက်သည် ဆီးရွှင်စေသောကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေ သည်။ ခန္ဓာကိုယ်၏ အရေးကြီးသော သတ္တုဓာတ်များကို ဆုံးရှုံးပြီး နောက် ရေဓာတ်ကုန်ခန်းလာသည်။ ထို့အပြင် အရက်သောက်နေစဉ် အငန်ဓာတ်ပါသော မြေပဲများ၊ အာလူးချောင်းကြော်များ စားမိသော ကြောင့် ရေဆာမှုကို ဖြစ်စေသည်။ ရေဓာတ်ကုန်ခန်းခြင်းသည် လူကို နေထိုင်မကောင်းသလို ဖြစ်စေနိုင်ပြီး အစားအစာပိုမိုစားသုံးမိစေ သည်။

ဇီဝဖြစ်ပျက်မှုများ နှေးကွေးလာခြင်း

အရက်သည် ဇီဝဖြစ်ပျက်မှုကို ၇၀ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင် သည်။ ဇီဝဖြစ်ပျက်မှု နှေးကွေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ အဆီများ လောင်ကျွမ်းနိုင်စွမ်း လျော့နည်းသွားမည်ဖြစ်သည်။ ခန္ဓာကိုယ်သည် အရက်ကြောင့်ဖြစ်သော ကယ်လိုရီများကို အားစိုက်ချေဖျက်နေရသောကြောင့် အစားအစာမှဖြစ်သော ကယ်လိုရီများကို ချေဖျက်နိုင်စွမ်း မရှိဘဲ ခန္ဓာကိုယ်အလေးချိန် တိုးလာစေသည်။

ခန္ဓာကိုယ်အဆီပိုများ တိုးလာခြင်း

အစားအစာနှင့် အချိုရည်များကို အစာချေစနစ်က လွယ်ကူစွာ ချေဖျက်ပေးနိုင်သော်လည်း အရက်ကို အစာအိမ်နှင့် အူသိမ်တို့က လျင်မြန်စွာစုပ်ယူလိုက်ပြီး ဦးနှောက်နှင့် အသည်းများသို့ ပို့လိုက်သည်။ ထို့နောက်တွင် အရက်သည် အသည်းအဆီအဖြစ်သို့ ပြောင်းသွားပြီး ခန္ဓာကိုယ်အတွင်း အဆီများစုဝေးရာမှ ခန္ဓာကိုယ်အလေးချိန် တိုးမှုကို ဖြစ်လာစေသည်။                   

—Ref: Times of India

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment