ကေအန်ယူနှင့် မိုင်းလား အထူးဒေသ ၄ တို့ ပူးတွဲကြေညာချက် ထုတ်ပြန်
by ဒီဗွီဘီ
DVBApr 30, 2014
တိုင်းရင်းသား ပြဿ နာတွေကို ဖြေရှင်းတာဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သော့ချက်ဖြစ်သလို ပြဿ နာတွေကို ဖြေရှင်းရာမှာလည်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား တန်းတူညီတူဆွေးနွေးညှိနှိုင်းတာ အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးရမယ်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကော်မတီနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
မိုင်းလားမြို့မှာ ကရင်အမျိုးသား အစည်းအရုံးနဲ့ အထူးဒေသ ၄ တို့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ အပြီး ဧပြီ ၂၈ ရက်နေ့က အခုလို ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အလေးထားတဲ့ တခြား ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ဧပြီ ၂၆ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံးနဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်တို့က အလားတူ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment