သန်းခေါင်စာရင်းစုရပ်လုပ်ပြီးကောက်ပါက ဖုန်းကုတ် ၁၈၄၀ သို့ အကြောင်းကြားနိုင်
by 7daynews
News | 7Day DailyYesterday, 09:48
မြို့နယ်အချို့တွင် တစ် နေရာတည်း၌ လူစု၍သန်းခေါင် စာရင်း ကောက်ယူခြင်းများရှိနေ ပြီး စုရပ်များတွင် သွားရောက်စာ ရင်းသွင်းနေရပါက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သတင်းရှိသည်။
လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက် ယူနေသည့် ခုနစ်ရက်အတွင်း သန်းခေါင်စာရင်း ကောက်ယူ သည့် လုပ်အားပေးဆရာ၊ ဆရာ မများနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး တို့ ပူးပေါင်း၍ တစ်နေရာတည်း တွင်လူစု၍ ကောက်ယူခဲ့သည့်နေ ရာများရှိခဲ့သည်။
‘‘ကျောက်ဆည်၊ သံရွာမှာ ကျတဲ့ ဆရာမတွေက အိမ်တစ် အိမ်ကနေ တစ်အိမ်ကောက်ရတာ ညောင်းလို့ဆိုပြီး တစ်အိမ်ထဲကို စုပြီးကောက်နေတယ်။ ရွာကလူ တွေက ဆရာမရှိတဲ့အိမ်ကိုသွား ဖြေနေရတယ်။ အိမ်တိုင်ရာ ရောက်ကောက်ရမှာမဟုတ်လား’’ဟု ဒေသခံ ကိုခိုင်ကျော်လင်းက ပြောသည်။
တစ်နေရာတည်းကို စုရပ်အ ဖြစ် သတ်မှတ်၍ သန်းခေါင်စာ ရင်းကောက်ယူမှုကို အစိုးရကခွင့် မပြုထားသော်လည်း တစ်နေရာ နှင့်တစ်နေရာဝေးလံနေသောနေ ရာများတွင် စုရပ်ထားပြီး ကောက် ယူမှုများကိုတွေ့ရသလို ရန်ကုန် မြို့တွင်လည်း ကြုံတွေ့နေရ ကြောင်း ရန်ကုန်မြို့ခံများကပြော သည်။
‘‘ကျွန်တော်တို့ရပ်ကွက်ထဲ မှာ စုရပ်တစ်ခု သတ်မှတ်လိုက် တယ်။ အဲဒီကနေ အသံချဲ့စက်နဲ့ အိမ်နံပါတ်တွေခေါ်တယ်။ သူတို့ ရှိတဲ့နေရာမှာသွားပြီးအချက်အ လက်တွေပေးရတယ်။ အစိုးရက တစ်မျိုးပြောတယ်။ အောက်ခြေကတစ်မျိုးလုပ်တယ်။ လုပ်အားပေး တွေပြောတာကတော့ အခုလို ကောက်ရတာ လုပ်ငန်းတွင်တယ် လို့ပြောတယ်’’ဟု မြောက်ဥက္က လာမြို့နယ်၊(ဌ) ရပ်ကွက်တွင်နေထိုင်သူတစ်ဦး ကပြောသည်။
စုရပ်ထား၍ ကောက်ယူ ခြင်း တွေ့ရှိပါက ဖုန်းကုတ်နံပါတ် ၁၈၄၀ကို အကြောင်းကြားနိုင်ပြီး အကြောင်းကြားရာတွင်လည်း လိပ်စာအပြည့်အစုံ ပေးရန်လိုအပ်ကြောင်း၊ ထိုမှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
‘‘ကျွန်မတို့ကို တိုင်လို့ရပါ တယ်။ ပူးပေါင်းပါဝင်ပြီး အ ကြောင်းကြားပေးကြပါ။ ဒီလိုအ ကြောင်းကြားမှသာ မြို့နယ်မှူး တွေက တစ်ဆင့်ဖြေရှင်းပေးလို့ရ မှာပါ’’ဟု ဒေါ်ခိုင်ခိုင်စိုးကပြော သည်။
လူထုသတင်းပေးပို့မှု ကြောင့်စုရပ်ထား၍ သန်းခေါင်စာရင်းကောက်ယူသည့်နေရာ ငါး နေရာခန့်ကို ဖြေရှင်းပေးနိုင်ခဲ့သည်ဟု ဒေါ်ခိုင်ခိုင်စိုးကပြောသည်။
သန်းခေါင်စာရင်းကောက်ယူမှုမှာ ဧပြီ ၂ ရက်အထိ အိမ်ထောင်စု လေးသန်းခြောက်သိန်းကျော်ကိုကောက်ယူနိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားသည်

posted from Bloggeroid
No comments:
Post a Comment