ဧပြီ ၁၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်
by ဒီဗွီဘီ
DVBToday, 18:46
ဧပြီ ၉ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အနောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတမ်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်ပါတယ်။ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကို ရောက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဒေသက မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄ ဒဿမ၊ ၄ လောက် ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အနိမ့်ဆုံးမြို့ကတော့ မြစ်ကြီးနားမြို့ ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအနိမ့်ဆုံး တန်ဖိုး ၁၁ ဒဿမ၊ ၄ ထိ ရှိနိုင်ပါတယ်။
ကျန်မြို့တွေမှာတော့ ၁၂ နဲ့ အထက်ကနေ ၁၄ အထိ မြင့်တက်နိုင်ပါတယ်။ ပရိသတ်များအနေနဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိထားကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၆ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။
ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတွေမှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်း ထားပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်တောင်ပိုင်းစွန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမြောက်ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဒေသတွေမှာ မိုးရွာဖို့ သေချာမှု ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းစွန်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၂၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီ ၁၀ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment