Monday, April 7, 2014

ယုဇနဥယျာဉ်ရေရှားလာ

သာက်သုံးရေသန့်ရှားပါးမှု ကြုံတွေ့နေသည့် ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ဂါလန် ၁ ဒသမ ၅ သိန်းဆံ့ ရေလှောင်ကန် ၇၅ ရာခိုင်နှုန်းပြီးစီး
by htikeaung
Eleven Daily NewsYesterday, 03:05
Written by: 
ဝေလင်းအောင်

ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ရေလှောင်ကန်ကို ဧပြီ ၆ှ ရက်က တွေ့ရစဉ်
သောက်သုံးရေသန့်ရှားပါးမှု ကြုံတွေ့နေရသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်သို့ ရေသန့်ပေးဝေရန် တည်ဆောက်နေသည့် ဂါလန် ၁ ဒသမ ၅ သိန်းဆံ့ ရေလှောင်ကန်မှာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေကန်အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်မှစ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောက်လုပ်နေခဲ့ခြင်းဖြစ်ကာ ယခုလအတွင်း အလုံးစုံပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရသည်။

“လက်ရှိ ရေကန်ဆောက်လုပ်မှု အပိုင်းကတော့ ပြီးသလောက်နီးပါး ဖြစ်နေပါပြီ။ ရပ်ကွက်အတွင်း ရေပိုက်တပ်ဆင်ဖို့အတွက်ပဲ ကျန်တော့တယ်။ ရေပိုက်တပ်ဆင်တာကိုတော့ ယုဇနကုမ္ပဏီက ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဌာနခွဲမှူး ဦးဇော်မင်းက ပြောကြားခဲ့သည်။

ရပ်ကွက်အတွင်း ရေသန့်ပေးဝေရန်အတွက် ရေတွန်းစက် ငါးစုံဖြင့် တစ်ရက်လျှင် ရေဂါလန် ၁ ဒသမ ၄ သန်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေသန့်အတွက် တစ်ရက်ကို ၁၅၀၀ လောက်ကုန်တယ်။ မရှိတဲ့သူတွေအတွက်က ရေအတွက်နဲ့တင် အရမ်းကို အကုန်ကျများတယ်။ အခုရနေတဲ့ရေက သုံးလို့မရဘူး။ ရေချိုးမယ်ဆိုရင် ရေကို နှစ်ညလောက် အနည်ကျအောင်ထားပြီး သုံးရတယ်။ ရေက ဆပ်ပြာအမြှုပ်တောင် မထွက်ပါဘူး။ ရေကန်ပြီးသွားရင်တော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

Yangon news
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment