Tuesday, April 29, 2014

တိရစ္ဆာန်တောင်မြန်မာနိုင်ငံမပိုင်တော့ဘူလား

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား တစ်နှစ် ကျပ်သိန်း ၇၀၀ ဖြင့် ထူးကုမ္ပဏီသို့ ငှားရမ်းထားခြင်းကို ၂၀၁၅ ခုနှစ်တွင် ငှားရမ်းခတိုးမြှင့်မည်ဟုဆို
by ktn.kyaw
Eleven Daily NewsToday, 01:20
Written by: 
ကျော်ထင်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ (ကျပ်သန်း ၇၀) ဖြင့် ထူးကုမ္ပဏီသို့ ငှားရမ်းထားမှုအား ၂၀၁၅ ခုနှစ် စာချုပ်ပြန်လည်ချုပ်ဆိုချိန်တွင် ငှားရမ်းခဈေးနှုန်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးသစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
    
ယင်းနေ့တွင် "၂၀၁၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်း" အားဆွေးနွေးရာတွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခတစ်နှစ် ကျပ်သိန်း ၇၀၀ အား တိုးမြှင့်ပေးရေးအတွက် တိုက်တွန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    
"သစ်တောဦးစီးဌာနက ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခကို မနှစ်ကအတိုင်း သန်း ၇၀ နဲ့ပဲ ဒီနှစ်ဘဏ္ဍာငွေရသုံးမှာ တင်ပြထားပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီကိုငှားတဲ့အခါမှာ ကာလပေါက်ဈေးနဲ့ ဘယ်လိုမှမလျော်ညီပါဘူး။ နောင်လာမယ့် ငှားရမ်းခစာချုပ်မှာ မဖြစ်မနေ ပြင်ဆင်ချုပ်ဆိုဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်"ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
    
ကန်တော်ကြီးရေချိုငါးဥယျာဉ်လိုနေရာမျိုးကို ငှားရမ်းခတစ်နှစ်လျှင် ကျပ်သန်း ၁၂၀ ရရှိနေရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကဲ့သို့ ကျယ်ဝန်းသည့်နေရာအား ငှားရမ်းတစ်နှစ်လျှင် ကျပ်သန်း ၇၀ သာရရှိ၍ များစွာကွာဟနေကြောင်း ဒေါက်တာညိုညိုသင်းကဆိုသည်။
    
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ငှားရမ်းပြီး ၀န်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ထူးထရိတ်ဒင်းကုမ္ပဏီတို့ ၂၀၁၁ ခုနှစ် မတ် ၂၈  ရက်တွင် နေပြည်တော်၌ ငှားရမ်းခြင်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး ငှားရမ်းခြင်းကာလမှာ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ နှစ်ရှည် ၁၀ နှစ်ဖြစ်ကြောင်း၊ ငှားရမ်းသည့်စာချုပ်ကို ၂ နှစ်လျှင် တစ်ကြိမ်ချုပ်ဆိုရမည်ဖြစ်သဖြင့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ နှစ်နှစ်အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
    
"ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခအဖြစ် ကျပ်ငွေသိန်း ၇၀၀ ကို ထူးထရေးဒင်းကုမ္ပဏီက နှစ်စဉ်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ငှားရမ်းခပေးသွင်းမှု စည်းကမ်းချက်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ အတည်ပြုချက်ရယူပြီး စာချုပ်ကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးကာ ရက်ပေါင်း ၆၀ အတွင်း ကြိုတင်ပေးသွင်းရမှာဖြစ်တယ်။ သတ်မှတ်ကာလထက် နောက်ကျပေးသွင်းပါက တစ်ရက်ဒဏ်ကြေး ကျပ် ၅၀၀၀ နှုန်းပေးသွင်းရမှာပါ" ဟု ဦးကျော်စိုးကဆိုသည်။
    
ငှားရမ်းခနှုန်းထားကို စာချုပ်ပြန်လည်ချုပ်ဆိုသည့်အခါ ကာလဒေသပေါက်ဈေးနှင့် နှစ်ဖက်ညှိနှိုင်း၍ စာချုပ်ပါငှားရမ်းခ၏ ၁၀ ရာခိုင်နှုန်းထက်မပိုသော နှုန်းထားဖြင့် ချုပ်ဆိုနိုင်မည်ဖြစ်ပြီး ငှားရမ်းခြင်းစာချုပ်အရ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ စာချုပ်ချုပ်ဆိုထားပြီးဖြစ်၍ ၂၀၁၅ ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ နှစ်နှစ်တစ်ကြိမ် သက်တမ်းတိုးမှသာ စာချုပ်အသစ်ပြန်လည် ချုပ်ဆိုရမည်ဖြစ်ကြောင်းနှင့် ထိုစာချုပ်ကို ၂၀၁၅ ခုနှစ် မတ်လအတွင်းချုပ်ဆိုကာ ငှားရမ်းခတိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်စိုးက ပြောကြားသည်။
    
ထိုသို့ အကျယ်အ၀န်းအားဖြင့်လည်း အများအပြားရှိသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လိုနေရာမျိုးအား ကျပ်သိန်း ၇၀၀ ထက် ၁၀ ဆမကသည့် ဈေးနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်နိုင်သည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။                     

Local
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment