Tuesday, April 29, 2014

မြန်မာနိုင်ငံအတွက်

သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်းနှင့် နယူးဇီလန် သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ
by htikeaung
Eleven Daily NewsToday, 01:20
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာရိုရှိဟိကိုနိုဒနှင့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony John Lynch တို့အား ဧပြီ ၂၉ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း ဧပြီ ၂၉ ရက်ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားတွင် သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်းတို့သည် ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သီလ၀ါစက်မှုဇုန် စီမံကိန်းနှင့် သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ရေး လုပ်ငန်းအား အမြန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီးတို့သည် ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် နယူးဇီလန်နိုင်ငံမှ နည်းပညာနှင့် အတွေ့အကြုံများ ဆက်လက်ကူညီ ပံ့ပိုးရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Politic
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment