မွတ်စလင်နှင့် ရိုဟင်ဂျာတို့အား အကြမ်းဖက်မှုများ၏ နောက်ကွယ်က လက်သည် မြန်မာအစိုးရ (By Dr မောင်ဇာနည်)
by M-Media
News @ M-Media —Yesterday, 19:58
ဧပြီ ၇ ၊ ၂၀၁၄
M-Media
မူရင်းဆောင်းပါးရှင်- ဒေါက်တာ မောင်ဇာနည်
ဘာသာပြန်- မင်းထွဋ်ခေါင်
မြန်မာနိုင်ငံ၏ နာဇီဆန်ဆန် မွတ်စ်လင်မ် ဆန့်ကျင်ရေးနှင့် ရိုဟင်ဂျာ ဆန့်ကျင်ရေးတို့မှာ နိုင်ငံတော်ကျောထောက်နောက်ခံ လှုပ်ရှားမှု ဖြစ်နေသည်။
photo credit-Reuters
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇာတိ ကျောက်ဆည်မြို့တွင်မွေးဖွားသူ (ယခင် လူအမည် ၀င်းခိုင်ဦး ဖြစ်သော) အရှင်ဝီရသူနှင့် ၉၆၉ အုပ်စုမှာ မြန်မာအစိုးရ အတွက် လမ်းခင်းပေးနေသူ အလိုတော်ရိများမှ အပ အခြား မဟုတ်။
လွတ်လပ်သော လူထုအမြင်နှင့်တောင်းဆိုမှုများမှ အာရုံလွှဲဖယ်ခြင်း၊ မိမိကိုယ်ကို ရာနှုန်းပြည့် ဗမာလူမျိုးစ စ်စစ်အဖြစ် မှိုင်းမိ မာန်ထောင်နေပြီး မိမိတို့နှင့် ဘာမျှ မကွာခြားလှသည့် အသားမည်းသူနှင့် မွတ်စ်လင်မ်တို့အပေါ် ဗမာလူမျိုးကြီးဝါဒ ဗီဇဖက် ရှေ့ရှုဦးတည်ခြင်းကဲ့သို့ မွတ်စ်လင်မ်နှင့် ရိုဟင်ဂျာတို့ကို အသုံးချ ဓားစားခံပြုလုပ်ထားသော နိုင်ငံတော်ကျောထောက်နောက်ခံပြု ကမ်ပိန်းဆိုင်ရာ အချက်အလက် တစ်ပုံတစ်ပင်ဖြင့် အာဏာပိုင်တို့၏ကိုယ်ပိုင် အစွန်းရောက် ဗျူဟာများ ဖော်ဆောင်ရန် ရှေ့တိုးထွက်လာမည်လောဟု ကျွန်ုပ်မှ နာမည်ကြီး လူရွှင်တော် ဇာဂနာ(မောင်သူရ)ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ခဲ့သည်။
မသီတာထွေးမှာ မုဒိမ်းကျင့်ခြင်း မခံခဲ့ရကြောင်း၊ သူမ၏ရုပ်အလောင်း၌ ထိုသို့လုပ်ဆောင်ချက် အထောက်အထား အလျဉ်း မတွေ့ခဲ့ရကြောင်း၊ သတ်ဖြတ်ခံရသည်မှာ မှန်ကြောင်း၊ ဆေးစစ်ချက်တွင် သူမသည် မုဒိမ်းကျင့်ခံရပါသည်ဟူသော လုပ်ကြံအဆိုရေးသွင်းရန် အဓမ္မလက်မှတ် ထိုးစေခဲ့ခြင်းဖြစ်ကြောင်း မှုခင်း ဆရာဝန်မှ ကိုဇာဂနာအား ပြောပြခဲ့သည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကျွန်ုပ်၏ အတိုက်အခံမိတ်ဆွေကမူ အရေးပါသော အချက်အလက်အချို့ကို ဖုံးကွယ် ထိမ်ချန်ထားပါသည်။ ရခိုင်အမျိုးသမီး မသီတာထွေးအား ဘင်္ဂါလီ အမျိုးသားများမှ မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည်ဆိုသော အကြောင်းအရာသည် တက်တက်စင် မှားယွင်းနေပါလျက် ဗိုလ်မှူးဇော်ဋ္ဌေး (မှူးးဇော်)၊ ဗိုလ်မှူးကြီး ရဲထွဋ် (လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး)တို့က မွတ်စ်လင်မ်တို့အပေါ် မျိုးဖြုတ်ရှင်းလင်းရေး မီးတောက်ကို ယင်းအချက်ကို အသုံးချ၍ ထွန်းညှိခဲ့သည့် အချက်အလက်မျိုး ဖြစ်သည်။

၎င်းမုဒိမ်းပုံပြင်အား အစိုးရအေးဂျင့်တို့မှ ဆိုရှယ်မီဒီယာများ အပေါ် ဖြန့်ပက်ခဲ့ကြသည်။ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မွတ်စ်လင်မ်များ နှင့် ရိုဟင်ဂျာတို့ကို စုပြုံသတ်ဖြတ်မှု လှိုင်းဂယက်ဖြစ်ပေါ်လာစေရန် ထိုအချက်ကို အသုံးချခဲ့သည်။
တရားခံဟု စွပ်စွဲခံရသူ ထက်ထက်မှာ ထိန်းသိမ်းထားစဉ် ကာလအတွင်း သေဆုံးသွားသည်။ ထက်ထက်မှာ ဘင်္ဂါလီလူမျိုး မဟုတ်သည့်အပြင် မွတ်စ်လင်မ်တစ်ဦးလည်း မဟုတ်ပါချေ။ မွတ်စ်လင်မ်မိသားစု တစ်ခုမှ မွေးစားထားသော ရခိုင်-ဗမာ လူမျိုးသာဖြစ်၏။ ထက်ထက်သည် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ထက်ထက် သေဆုံးခဲ့သည့် တစ်လအတွင်း သူ့ဇနီးသည်အား ဇာဂနာမှ တွေ့ဆုံနိုင်ရန်ကြိုးစားသောအခါ ရွာတစ်ရွာ၏ရေတွင်းတစ်ခု၌ သူမ၏ အသက်မဲ့ခန္ဓာကိုသာ တွေ့လိုက်ရပေသည်။
စုံစမ်းရေးကော်မရှင်အနေနှင့် မည်သည့် အထောက်အထားများကို ဖုံးကွယ်ထားခြင်း သို့မဟုတ် ဖျောက်ဖျက်ထားခြင်း ဆိုသည်ကို ရိုက်တာမှ စုံစမ်းစစ်ဆေးချက် တစ်ရပ်အား အလေးထားပြုသင့်၏။
အမုန်းတရားဆန့်ကျင်မှု ဆိုင်ရာ မီဒီယာဇာတ်လမ်း တစ်ပုဒ်စ နှစ်ပုဒ်စအားဖြင့် အကြွင်းမဲ့နိုင်ငံတော်ကျောထောက်နောက်ခံပြု အကြမ်းဖက်မှုနှင့် ဗုဒ္ဓဘာသာခုတုံးလုပ် နာဇီဝါဒ တံဆိပ်တပ်ခံရမှုဆိုင်ရာ ပကတိ လှုပ်ရှားချက်တို့ကို မြေမြှုပ် သင်္ဂြိုလ်လိုက်၍ မရစကောင်းပေ။
အရပ်သားလူ့အဖွဲ့အစည်းများသည် အလွန်အကျွံလှည့်စားခံနေရပြီး၊ မျိုးဖြုတ်ခံနေရသည့် ရိုဟင်ဂျာတို့ကိုသာမက (ယခုအခါ) မြန်မာမွတ်စ်လင်မ် အပေါင်းကိုလည်း အမုန်းပွားလျက် ရှိနေပေတော့သည်။
** ဒေါက်တာ မောင်ဇာနည်ရေးသားတဲ့ “Myanmar Government itself is behind mass violence against the Muslims & the Rohingy” ဆောင်းပါးကို မင်းထွဋ်ခေါင် ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။
Related Posts
ကန်အခြေဆိုက် ဂျီနိုဆိုဒ် တိုက်ဖျက်ရေး အဖွဲ့၏ ရခိုင်ကိစ္စ ပြောဆိုတင်ပြချက်မှာ မြန်မာ အစိုးရအား သတိပေးသည်နှင့် တူညီ (Mar 25, 2014)
ဗမာပြည်က ထကြွသောင်းကျန်းနေသော ဗုဒ္ဓဘာသာဝင်များ၏ ပုံရိပ် (ဘာသာပြန်- စဆုံး) (Mar 12, 2014)
ဘာသာနှစ်ခုကြား နားလည်မှု လွဲပြီး အဓိကရုန်းဖြစ်စေနိုင်သည့် လှုံ့ဆော် စာများဖြန့်ဝေလျက်ရှိ (Mar 1, 2014)
ရိုဟင်ဂျာတွေကို လူ့အခွင့်အရေး ချိုးဖောက်ဖို့ မြန်မာအစိုးရ မူဝါဒ ချမှတ်ထားဟု Fortify Rights အဖွဲ့ ဖွင့်ချ (Feb 26, 2014)
ဗိုလ်ချုပ်နဲ့ နိုင်ငံသားအခြေပြု မျိုးချစ်စိတ် (Feb 13, 2014)
တောင်ဥက္ကလာပက တရားပွဲမှ အကြမ်းဖက်ရန် ပြင်ဆင်နေသည့် သတင်းများ အွန်လိုင်းတွင် ပြန့်နှံနေသော်လည်း အောက်ခြေတွင် ယခုထိတည်ငြိမ်နေ (Feb 9, 2014)
သမ္မတရာထူးအတွက် စောင့်ကြည့်ရမည့် လူတစ်ဦး (၀ါ) မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် (Feb 5, 2014)
ဒုချီရာတန်း မီးလောင်မှု DVB သို့ဖြေကြားချက်ကြောင့် ဦးရွှေမောင်အား သမ္မတ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးမှ စစ်ဆေး (Feb 4, 2014)
၉၆၉ သီချင်းတွေ ဖွင့်ခွင့်ပိတ်လိုက်ရင် ထန်းကုန်းမှာလို ဗလီတွေ ကြေကုန်မယ်ဟု ဦးဝီရသူပြော (Jan 25, 2014)
မောင်တောမှ အကြမ်းဖက်မှု ရိုဟင်ဂျာ မွတ်စလင် ၄၀ ကျော် သေဆုံးခဲ့ဟု ကုလ သတင်းထုတ်ပြန် (Jan 24, 2014)
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment