Tuesday, April 8, 2014

အပြစ်ခတ်ရပ်စဲရေးသဘောတူချက်(၅)

အစိုးရနှင့် NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်း ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း(၅)အထိ ဆွေးနွေးပြီးဖြစ်
by ktn.kyaw
Eleven Daily NewsYesterday, 04:35
Written by: 
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ရှိုင်းလင်းအောင်

ပဒိုစောကွယ်ထူးဝင်းနှင့် ဦးလှမောင်ရွှေတို့က မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားစဉ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုတည်းဖြစ်အောင် ရေးဆွဲရာတွင် ထည့်သွင်းမည့် အခန်းခုနစ်ခန်းအနက် အခန်း (၅) အထိ ဆွေးနွေးပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဧပြီ ၅ရက်မှ စတင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနှစ်ရပ်ပါ ကွဲလွဲချက်များညှိနှိုင်းမှုကို  ဧပြီ ၇ ရက်အထိ ရက်တိုး၍ ဆွေးနွေးခဲ့သော်လည်း ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသောကြောင့် ဆွေးနွေးပွဲ ဧပြီ ၈ ရက်အထိ ထပ်မံရက်တိုး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဆွေးနွေးပွဲရလဒ်က အခုအချိန်ထိတော့ ၅၀-၅၀ ပေါ့။ မူဝါဒပိုင်းမှာညှိနှိုင်းရတာ ခက်တယ်လို့တော့မဟုတ်ဘူး။ ဒီလိုစာချုပ်တွေမှာ သဘောတူညီချက်တွေမှာ နှစ်ဖက်လုံးကတော့ ဆွေးနွေးညှိနှိုင်းတယ်ဆိုပေမယ့် တစ်ဖက်က ခံကတုတ်သဖွယ်ချထားတဲ့မူတွေက ခိုင်ပါတယ်။ အဲဒီလိုခိုင်တဲ့အပိုင်းလေးတွေမှာ နည်းနည်းညှိရတာ အချိန်ယူရတာပေါ့။ ချက်ချင်းကြီးတော့ လွယ်လွယ်ကူကူတော့ နှစ်ဖက်သဘောတူဖို့ ခက်တာပေါ့။ ဒီလိုအခိုင်အမာမူတွေကျတော့ ။ ဒါကိုတော့ ပြန်ညှိရတာပေါ့" ဟု ဧပြီ ၇ရက်ဆွေးနွေးပွဲအပြီးတွင် NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်များအား ပြောကြားသည်။

အစိုးရနှင့် NCCT ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲနေသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းသည် ယခုဆွေးနွေးပွဲတွင် ထွက်ပေါ်လာနိုင်မည်မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအချောသတ်ရရှိရန် ဘားအံဆွေးနွေးပွဲမတိုင်မီ ထပ်မံတွေ့ဆုံညှိနှိုင်းရန် လိုအပ်သည်ဟု ဗိုလှ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

"ဒီဆွေးနွေးပွဲမှာ မူကြမ်းမပြီးဘူးခင်ဗျ။ မူကြမ်းရဲ့ အကြမ်းလောက်တော့ ရနိုင်တယ်။ အကြမ်းဆိုတာ ထပ်ညှိဖို့ ပြင်ဖို့ဘာဖို့ တော်တော်လေးကြမ်းသေးတာပေါ့။  အငြင်းမပွားတဲ့ ကိစ္စတော်တော်များများတော့ ဖြတ်ကျော်နိုင်ပါပြီ။ အခန်း ၅ အထိ ဆွေးနွေးပြီးတာပါ။ ရေးပြီးတာတော့မဟုတ်ဘူး။ ဆွေးနွေးပြီးတယ်ဆိုတာက တူတာကိုယူထားတယ်။ မတူတာကို ဆက်လက်ညှိနှိုင်းဖို့ချန်တယ်။ တချို့အရေးကြီးတာကို အထက်ကိုတင်ပြမယ်ဆိုပြီး ချန်တယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။

ဧပြီ ၇ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက " သူ့အမြင်၊ ကိုယ့်ရဲ့အမြင်တွေကို တင်ပြတဲ့အခါမှာလည်း ကျွန်တော်တို့ ဒီအနေအထားပေါ်မှာ မူကြမ်းတစ်ခုတည်း ရရှိရေးအတွက် ဆွေးနွေးတဲ့အတွက်ကြောင့် နားလည်မှုတွေ တိုးတက်လာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အခန်းကဏ္ဍတော်တော်များများကိုလည်း ပြီးစီးအောင်ဆောင်ရွက်လုပ်ဆောင် ၊ ဆွေးနွေးနိုင်ခဲ့တယ်။ လုပ်နိုင်ခဲ့တယ်။ တချို့ ကျွန်တော်တို့ တင်ပြတဲ့အချက်နဲ့ အစိုးရတင်ပြတဲ့အချက်တွေမှာကတော့ ကွဲလွဲမှုတွေရှိပေမယ့် တစ်ခုတည်းဖြစ်ဖို့ ညှိနှိုင်းပြီးတော့လုပ်နိုင်ခဲ့တယ်။ တချို့အချက်တွေမှာကျတော့ ကျွန်တော်တို့ ဒီကပြန်ပြီးတော့ ဆွေးနွေးရမယ့်အချက်တွေရှိတယ်။ သဘောမတူဘူးဆိုတဲ့ အနေအထားတော့မဟုတ်ဘူး။ ပြန်လည်ဆွေးနွေးရမယ်ဆိုတဲ့ အနေအထားမျိုးရှိတဲ့ အားရမှုရှိတဲ့ ဆွေးနွေးမှုညှိနှိုင်းမှုတစ်ခုတော့ ဖြစ်တယ်" ဟုပြောကြားသည်။

Myanmar Peace Center မှ ဦးလှမောင်ရွှေက "ကျွန်တော်တို့ နှစ်ဖက်ပြီးခဲ့တဲ့ ပထမနေ့ ဆွေးနွေးပွဲမှာ နိဒါန်းရယ်၊ အခြေခံမူတွေရယ်ကို ဆွေးနွေးခဲ့တယ်။ ဒီနေ့ကတော့ အခန်း ၅ ခန်းရှိ နောက်ဆုံးအပိုဒ်အထိ ဆွေးနွေးနိုင်ခဲ့ပြီးတာ့ မနက်ဖြန်တော့ ကျန်တဲ့အခန်းနှစ်ခန်းကို ဆက်ပြီးဆွေးနွေးသွားဖို့ရှိတယ်။ မူကြမ်းအနေနဲ့ မနက်ဖြန်နောက်ဆုံးထား ဆွေးနွေးသွားဖို့ရှိတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ နှစ်ဖက်သဘောတူထားတာက မူကြမ်းအဆင့်ရရှိရေးသာဖြစ်ပြီးတော့ ဆက်ပြီးညှိနှိုင်းဆောင်ရွက်ရမှာတွေ ရှိပါတယ်" ဟု ပြောကြားသည်။    

Politic
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment