ကချင်ပြည်နယ် တနိုင်းပယင်းမှော်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နီးကပ်စွာတည်ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သောင်းချီပြီး တနိုင်းမြို့ပေါ်တွင် ခိုလှုံ
by htikeaung
Eleven Daily NewsYesterday, 03:05
Written by:
ထွန်းလင်းအောင်
မြစ်ကြီးနား-တနိုင်း ယာဉ်လိုင်းဖြင့် လိုက်ပါရန် ပြင်ဆင်နေသည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ကချင်ပြည်နယ် တနိုင်းပယင်းမှော်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နီးကပ်စွာတည်ရှိနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သောင်းချီပြီး တနိုင်းမြို့ပေါ်တွင် ခိုလှုံနေကြောင်း သတင်းရရှိသည်။ ယင်းယင်းမှော်ဒေသကို လွန်ခဲ့သော ဧပြီလဆန်းမှ စတင်ကာ တပ်မဟာ(၆၆) နှင့် တပ်မဟာ (၈၆) မှ တပ်အင်အား ၂၀၀ မှ ၅၀၀ အတွင်းရှိသော အင်အားဖြင့် ၀င်ရောက်ခဲ့ပြီး ပယင်းမှော် ၀င်ပေါက်ဖြစ်သည့် ညောင်ပင်ပယင်းမှော်တွင် တည်ရှိနေကာ ကေအိုင်အေလက်နက်ကိုင် အဖွဲ့များမှာ ဘေးပတ်ဝန်းကျင်ရှိ ပယင်းမှော်များတွင် ရှိနေကာ ယခုကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းမှော်များတွင်ရှိသော လုပ်သားများမှာ ဧပြီ ၄ ရက်မှစတင်ကာ နေ့စဉ်ထောင်နှင့်ချီပြီး တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်နေပြီး ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် သောင်းဂဏန်းအထိ ရှိနေကြောင်း အလှူပေးနေသည့် ဒေသခံများက ပြောကြားသည်။
ယင်းကဲ့သို့ လတ်တလော တိမ်းရှောင်နေသူများအား လိုက်လံကူညီနေသူ NLD ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သူက “မှော်ထဲက လူတွေအားလုံး ထွက်နေပါပြီ။ အုပ်ချုပ်ရေး စာရင်းဟောင်းတွေအရ လူဦးရေ သုံးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။ တနိုင်းက တည်းခိုခန်း၊ လမ်းဘေးဆိုင်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘောလုံးကွင်း အားလုံးလောက် ပြည့်နေပါပြီ။ နယ်ဝေးကလာပြီး စရိတ်ပြတ်တဲ့ သူတွေကို ကျွန်တော်တို့စုပေါင်းပြီး ကူညီနေပါတယ်။ ကားခလည်း တစ်သောင်းခွဲကနေ သုံးသောင်းအထိ တက်သွားတာလည်း စိတ်မကောင်းစရာပါ” ဟု The Daily Eleven သို့ ပြောကြားသည်။
ပယင်းမှော်အတွင်းလူများ ယခုကဲ့သို့ ရှောင်တိမ်းကြခြင်းမှာ မတ်လတွင် ပထမအကြိမ်ဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
Madalay & others
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment