Sunday, April 6, 2014

မြန်မာ့ရုပ်ရှင်လုပ်ငန်းဝန်ထမ်းအင်အားလျှော့ချ

မြန်မာ့ရုပ်ရှင်လုပ်ငန်း ၀န်ထမ်းအင်အား ၈၀ ရာခိုင်နှုန်း လျှော့ချ
by 7daynews
News | 7Day DailyYesterday, 09:48
ရုပ်ရှင်ဗီဒီယိုဇာတ်ကား များအား ဆင်ဆာဖြတ်တောက်မှု နှင့် အငြင်းပွားဖွယ် ရုပ်ရှင်ထူးချွန် ဆု ရွေးချယ်ရေးမူဝါဒများကြောင့် အစဉ်တစိုက် ဝေဖန်ခံခဲ့ရသော မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် ၀န် ထမ်းအင်အား ၈၀ ရာခိုင်နှုန်း ခန့် လျှော့ချလိုက်ပြီး မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

ဧပြီ ၅ ရက်က ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းထုတ်ပြန် ရေးအဖွဲ့မှ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 ဧပြီ ၁ ရက်မှစ၍ ပြည် ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြု ချက်အရ အမည်ပြောင်းလဲ ဖွဲ့ စည်းလိုက်ခြင်းဖြစ်ပြီး ယခင်ဝန် ထမ်းအင်အား ၁၅၀၀ ခန့်မှ ငါး ဆခန့်လျှော့ချ၍ ၀န်ထမ်းအင် အား ၃၇၈ ဦးနှင့် ပြန်လည်ဖွဲ့စည်း မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ၏ ဒစ်ဂျစ်တယ် ရုပ်ရှင်ထုတ်လွှင့်ရိုက်ကူးမှု နည်း စနစ်များကို  အမီလိုက်လုပ်ကိုင် ရန် ဖွဲ့စည်းပုံကို ပြင်ဆင်လိုက် သည်ဟုဆိုသော်လည်း ရုပ်ရှင် လောကသားအများစု ဝေဖန်နေ သည့် ဆင်ဆာမူဝါဒလျှော့ချရေး နှင့် ရုပ်ရှင်ဇာတ်ကားများ အကဲ ဖြတ်အဆင့် သတ်မှတ်ကြည့်ရှု သည့်စနစ်တို့မှာ မူလအတိုင်းသာရှိနေဦးမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြောကြားချက်များအရ သိရသည်။

‘‘ဖွဲ့စည်းပုံအသစ်မှာ  အဆင့်သတ်မှတ်တဲ့စနစ်နဲ့ပတ်သက်လို့ အချက်တစ်ချက်ပါပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရုပ်ရှင်ကြည့်တဲ့ အလေ့အထဟာ ညီအစ်ကို မောင်နှမ မိသားစုကြည့်ကြတာဖြစ်တယ်။ rating ခွဲလိုက်ရင် အခွဲခံရတဲ့ ပရိသတ်ကြည့်ဖို့ ရုပ်ရှင်ရုံတွေမှ မရှိသေးတာ။ အရင်ဆုံး ဒီရုပ်ရှင်ရုံငယ်လေးတွေပေါ်ဖို့ ကြိုးစားရမှာပါ’’ ဟု ဦးသိန်းထွန်းအောင်က ပြောသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် ဆင်ဆာအချက် ၁၀ ချက်မှ လေး ချက်ကို ၂၀၁၁ ဒီဇင်ဘာ ၁၀ ရက် တွင် လျှော့ချလိုက်သော်လည်း လိင်နှင့် ချစ်ခန်းကြိုက်ခန်း အ သားပေး ဇာတ်ဝင်ခန်းများသာ ထွက်ပေါ်လာပြီး အနုပညာအ သားပေးဇာတ်ကားများ ပေါ်ထွက် မလာသည့်အပေါ် ဝေဖန်မှုများ ရှိ နေသည်။

‘‘ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ချင်တဲ့ အကွက်လေးကျ ရွေးတင် တယ်။ ဥပမာ မျက်လုံးလေးက လယ်ကလယ်ဆိုရင် ဇာတ်ဆောင် မင်းသားဟာ စိတ်ကယောက်က ယက်နဲ့ ဒီမင်းသမီးကို သူ့မိန်းမ နေရာပဲမြင်နေပြီး ဒီလိုဖြစ်သွား တာ။ လိုချင်တဲ့အကွက်ပဲ ရွေး တင်တော့ ဆင်ဆာက ဒါတွေခွင့် ပြုသလိုဖြစ်သွားတယ်’’ ဟု ဦး သိန်းထွန်းအောင်က ဆိုသည်။

‘‘ပြန်ကြားရေးက ပါဝင်ပတ် သက်နေသရွေ့ မြန်မာ့ ရုပ်ရှင် လောကက ဘယ်တော့မှ တိုး တက်မှာမဟုတ်ဘူး’’ ဟု ဒါရိုက် တာဝိုင်းက ပြောသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းကိုယခင်က အရာထမ်းဝန် ထမ်း ၉၀ ဦး၊ အမှုထမ်းဝန်ထမ်း ၁၄၄၂ ဦးရှိခဲ့ရာမှ ရုပ်ရှင်လုပ်ငန်း ပိုင် ရုပ်ရှင်ရုံများ ရောင်းချလိုက်ခြင်းကြောင့် အမှုထမ်းဆဲဝန်ထမ်းများ အငြိမ်းစားယူသွားခြင်း၊ ဌာန ပြောင်းရွှေ့သွားခြင်းစသည့် ၀န်ထမ်းများကို လျှော့ချလိုက်ပြီး အရာထမ်း ၄၇ ဦးနှင့် အမှုထမ်း ၃၃၁ ဦးတို့ဖြင့်  ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်သည်

posted from Bloggeroid

No comments:

Post a Comment