အပူဒဏ်ကြောင့် ဆောက်လုပ်ရေးလုပ်သားများ အခက်တွေ့
by 7daynews
News | 7Day DailyYesterday, 09:48
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
နေ့အပူချိန်မြင့်တက်လာ ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း လွန်ကဲအဆင့်တို့ ပေါင်းဆုံ၍ အပူဒဏ် ပိုခံရလာသောကြောင့် ဆောက်လုပ်ရေး လုပ်သားများအနေဖြင့် လုပ်ငန်းခွင်တွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
‘‘နေအရမ်းပြင်းတော့ ခေါင်း မူးတာတွေတော့ ဖြစ်တယ်။ အလုပ်ချိန်က သတ်မှတ်ချိန် မရှိဘူး။ ပစ္စည်းကားတွေ ၀င်လာရင် နေပူလည်းလုပ်ရတာပဲ’’ ဟု အသက် (၄၀) ၀န်းကျင်ရှိ ကမာရွတ်လှည်းတန်းအနီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်သူ ဦးလှမျိုးက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်သော အလုပ်သမားများ အနေဖြင့် လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်၍ လုပ်ကိုင်နေရပြီး ယခင်ထက် အပူချိန် မြင့်မားလာခြင်းကြောင့် ပင်ပန်းမှုဒဏ်ကို ပိုမိုခံစားလာကြရကြောင်း အလုပ်သမားများက ဆိုသည်။
‘‘ကိုယ်လက်တွေ ကိုက်နေ တာပဲ။ နေအရမ်းပူလာတော့ အ ရင်ကထက် ချွေးထွက်များပြီး လူ ပိုနုံးလာတယ်။ အိမ်ရောက်ရင် ပင်ပန်းပြီး မအိပ်နိုင်တော့ဘူး။ အလုပ်က ပုတ်ပြတ်လုပ်ရတာ။ အလုပ်ပြီးမှ ပိုက်ဆံရတာ။ နေပူ လည်း လုပ်ရတာပဲ’’ ဟု ကြမ်းပြင်ခွာသည့် အလုပ်ကြမ်း လုပ်ကိုင်သူ ဦးကျော်ကျော်လွင်က ပြောသည်။
ထိုကဲ့သို့ ပင်ပန်းနွမ်းနယ်ပြီး အပူဒဏ်ကို လွန်ကဲစွာ ခံစားနေရ သော်လည်း ပုံမှန်အတိုင်းသာ လုပ်ကိုင်နေရပြီး အလုပ်ချိန်ပြောင်းလဲမှုမရှိသေးကြောင်း အလုပ်သမားအများစုက ဆိုသည်။
‘‘အလုပ်ချိန်က ပုံမှန်ပဲ။ အ လုပ်ချိန်ပိုလုပ်ရင် ပိုက်ဆံပိုရပါ တယ်။ ကျောက်လောင်းတဲ့နေ့ တွေဆိုရင် စက်နဲ့အပြိုင် လုပြီး လုပ်ရတော့ အပူချိန် ဘယ် လောက်ဖြစ်ဖြစ် နားရတဲ့အချိန် မရှိဘူး။ ညမိုးချုပ်အထိ လုပ်ရ တယ်’’ ဟု အလုံမြို့နယ် ဆောက် လုပ်ရေးငန်းတွင် ပန်းရန်လုပ်ငန်း လုပ်ကိုင်သူ လုပ်သက် ၁၀ နှစ်ရှိ ဦးထွန်းထွန်းက ပြောသည်။
ထိုကဲ့သို့ အပူချိန်မြင့်မား လာခြင်းကြောင့် အလုပ်ရှင်များ အနေဖြင့် အပူဒဏ် ကာကွယ်နိုင်သော လုပ်ငန်းခွင်တစ်ခုဖြစ် အောင် ဖန်တီးပေးသင့်ပြီး အပူ ထဲတွင် လုပ်ကိုင်ရသော အလုပ် ချိန်နှင့် နေရိပ်ထဲတွင် လုပ်ကိုင်ရ သော အလုပ်ချိန် ခွဲခြားပေးသင့် ကြောင်း မြန်မာရတနာရွှေဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျာ ဦးမျိုးမြင့်ဇော်က ပြောသည်။
‘‘တကယ်အပူလွန်ကဲတဲ့ နေ ရာတွေမှာ အလုပ်ချိန်လျှော့ပေး သင့်တယ်။ ဘာလို့လဲဆိုတော့ တစ်နာရီလောက်အနားပေးတာ ဘာမှမဖြစ်ဘူး။ လုပ်သားတွေ ထိ ခိုက်ရင် အလုပ်ရှင်လည်း အကျိုး မရှိဘူး’’ ဟု ၎င်းက ပြောသည်။
သို့သော် ယခုအချိန်ထိ ရန် ကုန်မြို့တွင် အလုပ်ချိန်ပြောင်းလဲ သတ်မှတ်သော ဆောက်လုပ်ရေး ကုမ္ပဏီများမှာ အနည်းငယ်သာ ရှိပြီး အများစုမှာ အလုပ်ချိန် ပြောင်းလဲမပေးသေးကြောင်း အေးရိပ်မွန်ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျာဦးမြင့်ခိုင်က ပြောကြားသည်။
‘‘ကျွန်တော်တို့မှာ အလုပ် ချိန်ကို ၁၁ နာရီကနေ ၂ နာရီအ ထိ နားခွင့်ပေးတယ်။ အခုလို နား ချိန်တိုးပြီး သတ်မှတ်ပေးတာ ၁၅ ရက်ပဲ ရှိသေးတယ်။ သူတို့အ တွက် လုပ်ပေးရတာဆိုတော့ ကျန်းမာရေးအတွက် ပြန်ကြည့် ပေးရတာပေါ့။ ပုံမှန်အတိုင်းအ တာဆိုရင် ဘယ်ဖြစ်မလဲ’’ ဟု ၎င်း က ပြောသည်။
နွေရာသီ၏ ခရမ်းလွန်ရောင် ခြည် အန္တရာယ်ရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာနက မတ်လ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထား သည်

posted from Bloggeroid
No comments:
Post a Comment