လှိုင်သာယာ ရေပြဿနာ ကျပ်သိန်းတစ်ထောင်နှင့်မဖြုံ
by 7daynews
News | 7Day DailyYesterday, 18:48
လှိုင်သာယာမြို့နယ်တွင် တွန်းလှည်းဖြင့် ရေရောင်းချနေသူတစ်ဦး (ဓာတ်ပုံ- ကျော်ဇင်သန်း)
ရန်ကုန်− ရေလိုအပ်ချက်မြင့်မား နေသော လှိုင်သာယာမြို့နယ်တွင် ရေကန်လေးကန်တူးခြင်းနှင့် စက် ရေတွင်းတူးခြင်းအချို့ကို ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ထဲမှ ပြုလုပ်ခဲ့သော်လည်း ယင်းမြို့နယ်ရှိ ရပ်ကွက်များ၌ ရေပြဿနာ ခက်ခဲနေသေးကြောင်းရပ်ကွက်သူ၊ ရပ်ကွက်သားများကပြောကြားသည်။
ရန်ပုံငွေကျပ်သိန်း ၁,၀၀၀ ကို ကျောင်းခြံစည်းရိုးပြင်ခြင်း၊ ကျောင်းအိမ်သာ ပြုပြင်ခြင်း၊ ကျောင်းထိုင်ခုံအချို့ပြုပြင်ခြင်းနှင့်ကွန်ကရစ်လမ်းခင်းခြင်း စသည်တို့ကိုလည်းလုပ်ဆောင်ခဲ့ရသေးကြောင်းယင်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းကပြောကြားသည်။
ယင်းမြို့နယ်တွင်နေထိုင် သော အိမ်ထောင်စုငါးသောင်း ကျော်သည် အဝီစိတွင်းရေမသန့် ရှင်းသဖြင့် နေ့စဉ်ချက်ပြုတ်သုံးစွဲရန် ရေသန့်ဝယ်ယူသုံးစွဲနေရ သည်။
ကိုရီးယားနိုင်ငံနှင့်ဖက်စပ် လုပ်ကိုင်သည့်မြစ်ရေတင်စီမံ ကိန်းတစ်ခုပြီး၍ ၂၀၁၅ ရောက်မှ သာ လှိုင်သာယာမြို့နယ်တစ်ခု လုံးကို ရေသန့်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့်နှစ် ပြည်သူ့လွှတ်တော်ပထမအကြိမ် အစည်းအဝေး အဋ္ဌမပုံမှန် အစည်းအဝေးတွင် လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကြယ်ပွင့်မပြမေးခွန်းအပေါ် ဝန်ကြီးချုပ် လက်မှတ်ပါသောစာအမိန့်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
၅၊ ၇ တိုးချဲ့ ၉၊ ၁၁၊ ၁၆၊ ၁၈ ရပ်ကွက်များနှင့် အတွင်းပဒံ၊ အပြင်ပဒံ၊ ကုလားကြီးစု၊ ရွှေလင်ပန်းအနီး မြေတိုင်း ၂၃ စသည့်ရပ်ကွက်များအတွင်းရှိ အဝီစိတွင်းရေများမှာ သံဓာတ်လွန်ကဲနေကြောင်း ဦးဉာဏ်ဝင်းကဆိုသည်။
ယင်းမြို့နယ်အတွင်း ရေလို အပ်ချက်အရ ဆင်ခြေဖုံးရပ်ကွက် များတွင် နွေရာသီ၌ တွန်းလှည်း ဖြင့် ချိုးဖြူရေများရောင်းချရာ နေ့စဉ်ကျပ်သိန်း ၂၀ ဖိုးခန့်ရောင်းချရကြောင်း ရေရောင်းချသူများထံမှ သတင်းရရှိသည်။
‘‘တွန်းလှည်းသမားတစ် ယောက်က တစ်နေ့ငွေတစ် သောင်းဖိုးလောက် အနည်းဆုံး ရောင်းရတယ်။ တွန်းလှည်းနဲ့ ရောင်းတဲ့လူ ၂၀၀ လောက်ရှိတယ်’’ဟု ၅ ထိပ်ရပ်ကွက်တွင်ရေလှည်း တွန်း၍ ရေရောင်းချသူတစ်ဦးက ရှင်းပြသည်။
နေ့စဉ်နံနက် ၇ နာရီမှစ၍ ရေတွန်းလှည်းတစ်ခုတွင် ငါးဂါ လန်ပလတ်စတစ်ရေပုံး ၃၀ကျော် တင်ဆောင်ပြီး ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ရေပုံးတစ်ပုံးလျှင် ငွေကျပ် ၂၀၀ နှုန်းဖြင့်ရောင်းချ ကြောင်း သတင်းရရှိသည်

posted from Bloggeroid
No comments:
Post a Comment