Sunday, April 6, 2014

ထိုင်းအိမ်စောင့်အစိုးရကိုထောက်ခံရှပ်နီတွေနဲစီတန်းလှည့်လည်

ထိုင်းအိမ်စောင့်အစိုးရကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ရှပ်နီတွေ စီတန်းလှည့်လည်
by ဒီဗွီဘီ
DVBYesterday, 17:13
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ရှပ်နီတွေလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်တပ်ဦး (ယူဒီဒီ) အဖွဲ့တွေရဲ့ ၃ ရက်ကြာ စီတန်းလှည့်လည်မှုကို ဧပြီလ ၅ ရက်နေ့က စတင်လိုက်ပါတယ်။

အိမ်စောင့်အစိုးရကို ထောက်ခံကြောင်း ပြသဖို့ ခုလို လုပ်တာပါ။ ဒီလှည့်လည်မှုမှာ နိုင်ငံအ၀ှမ်းက လူ ငါးသိန်းထိ ပူးပေါင်းမယ်လို့ ယူဒီဒီ ခေါင်းဆောင်တွေက အစောပိုင်းက ခန့်မှန်းထားပါတယ်။ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အလှဆုံးလမ်းလို့ ပြောကြတဲ့ ဥတ္ထယံလမ်းမှာ ထောင်သောင်းချီတဲ့ လူတွေ စုရုံးခဲ့ကြပါတယ်။

ရှပ်နီခေါင်းဆောင် ယူဒီဒီ ဥက္ကဋ္ဌ ဂျတ်တူးပွန် ပရွန်ပန်ကတော့ ရွေးကောက်တင်မြှောက်ခံရသူ မဟုတ်တဲ့ ၀န်ကြီးချုပ်သစ်ကို အဆုံးစွန် တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

လက်ရှိဝန်ကြီးချုပ် ယင်လခ်ဟာ စွဲချက်တင်ခံရမှုတွေကနေ မလွတ်နိုင်ဘူးလို့ ကျနော်ထင်တယ် ဘာတွေပဲ ဖြစ်ဖြစ် ကျနော်တို့က အဆုံးသတ် ရလာဒ်ကို ဆန့်ကျင်မယ် ရွေးကောက်တင်မြှောက် ခံရသူ မဟုတ်တဲ့ ၀န်ကြီးချုပ် ဖြစ်လာမှုကိုပေါ့လို့ သူက ပြောပါတယ်။

သင်္ကြန်ပွဲတော်အပြီး ဘန်ကောက်မှာ အကြီးအကျယ် စီတန်းလှည့်လည်မှုတွေ ဆက်လုပ်မယ် ပူးပေါင်းပါဝင်သူ အရေအတွက်က ၂ ဆဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်။ ဒီစီတန်းလှည့်လည်မှုကို ကာလကြာရှည် တဆက်တည်း မနိုင်မချင်း လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူတွေကလည်း သူတို့ရဲ့ စီတန်းလှည့်လည်မှုကို ဧပြီလ ၅ ရက်နေ့က လုဗ္ဗနီပန်းခြံမှာ လုပ်ခဲ့တာပါ။ ရှပ်နီတွေရဲ့ နေရာနဲ့ ဝေးပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်ကတော့နောက်ထပ် လှုပ်ရှားမှု အသစ်တွေကို ရေးဆွဲဖို့ နိုင်ငံတလွှားက ခေါင်းဆောင်တွေ အားလုံးနဲ့ ဧပြီ ၅ ရက်နေ့မနက်က တွေ့ခဲ့ပါတယ်

posted from Bloggeroid

No comments:

Post a Comment