Tuesday, April 1, 2014

အစိုးရအား ဝေဖန်သည့် သံချပ်စာသားများ

အစိုးရအား ဝေဖန်သည့် သံချပ်စာသားများ ဖြတ်တောက်မည် မဟုတ်ဟုဆို
by 7daynews
News | 7Day DailyToday, 09:43
သင်္ကြန်သံချပ်စာသား များကို ဘာသာရေး ပဋိပက္ခနှင့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပျက်ပြားစေမည့် အသုံးအ နှုန်းများ ပါဝင်မည်ကို စိုးရိမ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကြိုတင် တင်ပြစေခြင်းဖြစ်ပြီး အစိုးရကို ဝေဖန်မှုများအား လုံးဝဖြတ် တောက်မည်မဟုတ်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ် စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။

‘‘သံချပ်ထိုးလို့ အထင်မှား စရာဖြစ်ပြီး  လေလွင့်သွားရင် လိုက်ဖမ်းလို့ မမိပါဘူး။ ပြဿနာ မဖြစ်ခင်တည်းက ကြိုတင်ပြင် ဆင်တဲ့သဘောပါ’’ ဟု ဗိုလ်မှူး ကြီးတင်ဝင်းက ပြောသည်။

သံချပ်စိစစ်ရေးကော်မတီကမသင့်လျော်သည့် အသုံးအနှုန်း များတွေ့ရှိပါက ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘အစိုးရရဲ့ အားနည်းချက် တွေကို ဝေဖန်လို့ ဖြတ်တောက် မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန် တော်တို့ အနေနဲ့ အဲဒီလိုလည်း လုပ်မှာ မဟုတ်ပါဘူး။ အားသာ ချက်၊ အားနည်းချက်ဆိုတာ ရှိမှာ ပဲလေ။ အားနည်းချက်ရှိရင်လည်း ဒါတွေ မဖြစ်အောင် ပြုပြင်ရမှာ ကျွန်တော်တို့ တာဝန်ပါပဲ’’ ဟု ၀န်ကြီးကပြောသည်။

မိမိတို့သည် ဗုဒ္ဓဘာသာ မြန် မာလူမျိုးများဖြစ်ပြီး မည်သည့် ဘာသာကိုမျှ  ထိပါးပုတ်ခတ်ပြောဆိုမှုများ မပြုလုပ်ခဲ့သကဲ့သို့ နောင်လည်း ပြုလုပ်မည်မဟုတ် ကြောင်း၊ တိုင်းပြည်တွင်း အမြင် မတော်သည့် ကိစ္စရပ်များကိုသာ အပြုသဘော ဝေဖန်ခြင်းသာဖြစ် ကြောင်း ယခင်နှစ်က သင်္ကြန် ကာလအတွင်း သံချပ်အဖွဲ့ ဖွဲ့ စည်းခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ဦးမေတ္တာက ပြောသည်။

‘‘ဒီလိုမျိုးဖြတ်တောက်မှုတွေ မလုပ်ဘူးဆိုရင် ၀မ်းသာစရာပါ။ ကျွန်တော့်အနေနဲ့က လူမျိုးရေး၊ ဘာသာရေးကို ဘာအကြောင်းနဲ့ မှ ပုတ်ခတ်ပြီး ရေးစရာအကြောင်း မရှိပါဘူး။ အမြင်မတော်တာတွေ ကို ထောက်ပြဖို့ပါပဲ။ ဒီနှစ်တော့ အဖွဲ့မဖွဲ့ထားပါဘူး။ ဖိတ်တာရှိ ရင်တော့ အဆင်သင့်ဖြစ်အောင် ရေးထားတာတွေ ရှိပါတယ်’’ ဟု ဦးမေတ္တာက ပြောသည်။

သံချပ်စာသားများ ကြိုတင် မတင်ပြသည့် အဖွဲ့များကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခေါ်ယူ တွေ့ဆုံမှုသာပြုလုပ်မည်ဟု ဗိုလ် မှူးကြီးတင်ဝင်းကဆိုသည်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment