၁က အက္ခရာကားများ စတင်အပ်နှံခွင့်ပြု
by 7daynews
News | 7Day DailyToday, 09:43
ရန်ကုန်မြို့တွင်း သွာလာနေသော ယာဉ်များ (ဓာတ်ပုံ− ကျော်ဇင်သန်း)
ယာဉ်အိုယာဉ်ဟောင်း အပ်နှံရန် ကျန်ရှိသေးသည့် ၁ကအက္ခရာကားများကို ဧပြီ ၄ ရက်မှ စတင်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လက် ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယာဉ်အိုယာဉ်ဟောင်းစနစ် အရ ‘‘အ’’အက္ခရာကို ပြီးခဲ့သည့် နှစ်က နောက်ဆုံးအသုတ်အဖြစ် လက်ခံခဲ့ပြီး ယခု ၂၀၁၄ ခုနှစ်အ တွင်း ပထမဆုံးအက္ခရာအဖြစ် ‘‘၁က’’အက္ခရာကားများကို စတင်လက်ခံခြင်းဖြစ်သည်။
ကျန်ရှိသည့် ‘၂က’ အက္ခရာ ကို ၂၀၁၄ ခုနှစ်အောက်တိုဘာ ၁၀ ရက်တွင် စတင်လက်ခံမည်ဟု သိရသည်။
‘‘အပြင်မှာ စလစ်က ဈေးအ ရမ်းတက်နေပြီ။ ရှားလည်းရှားတယ်။ ဧပြီမတိုင်ခင်ကတည်းက လက်ခံပေးသင့်တာပါ’’ဟု မင်းရဲကျော် စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုကျော်စွာစိုးကပြောသည်။
အက္ခရာတစ်ခုနှင့် တစ်ခု တစ်ဆက်တည်း အပ်ခံရန် ကာလကြာမြင့်နေရခြင်းမှာ တင်သွင်း လာသည့် ကားအစီးရေ များပြား နေခြင်းကြောင့် ယာဉ်အိုယာဉ် ဟောင်းစနစ်အပေါ် အစိုးရက ပြန်လည်ထိန်းချုပ်နေခြင်းလည်း ဖြစ်နိုင်ကြောင်း အထက်ပါဝယ် ရောင်းက သုံးသပ်ပြောသည်။
ပြီးခဲ့သည့်ရက်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကယာဉ်အိုယာဉ်ဟောင်း စနစ်မှ စလစ်ကို မကြာမီဖျက်သိမ်းတော့ မည်ဖြစ်ကြောင်း ပြောကြားခဲ့၍ပြည်တွင်းကားဈေးကွက်တွင် ကြို တင်စလစ်ဝယ်ယူစုဆောင်းထား သူများ စိုးရိမ်လျက်ရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရ သည်။ ယာဉ်အိုယာဉ်ဟောင်းစနစ် ကို အစိုးရသစ်လက်ထက်တွင် ၂၀၁၁ ခုနှစ် စက်တင်ဘာက စတင်လက်ခံခဲ့ပြီး ယာဉ်အိုယာဉ် ဟောင်း အစီးရေ သိန်းကျော် လက်ခံခဲ့ပြီးဖြစ်သည်။
အထူးသဖြင့် နှစ် ၂၀ ကျော် မှ နှစ် ၃၀ ကျော်ကားများကို စ တင်အပ်နှံခွင့်ပြုခဲ့ပြီး အက္ခရာ ၁၁ ခုကို အပ်နှံခွင့်ပြုထားပြီးဖြစ် သည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment