ဖုန်းကွန်ရက်ချဲ့ထွင်ရန် တယ်လီနောက အဲရစ်ဆင် နှင့် ပူးပေါင်းဆောင်ရွက်မည်
by 7daynews
News | 7Day DailyToday, 09:43
တယ်လီနောမြန်မာ၏ ပြည်တွင်း၌ ဆက်သွယ်ရေးအော် ပရေတာလုပ်ငန်းအတွက် တစ် နိုင်ငံလုံး ကွန်ရက်ချဲ့ထွင်မှုကို ထောက်ပံ့ပေးမည့်ကုမ္ပဏီအဖြစ် Ericssonအား ရွေးချယ်ခဲ့ပြီး ငါးနှစ် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ရာ 2G နှင့် 3G ကွန်ရက်အတွက် လိုအပ်သည့်ပစ္စည်းကိရိယာများ ဖြည့် ဆည်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ericsson ကုမ္ပဏီက တယ် လီနောမြန်မာ၏ မိုဘိုင်းကွန်ရက် အတွက် လိုအပ်သည့်ပစ္စည်းကိရိ ယာများကို ဖြည့်ဆည်းပေးရန် အတွက် Multi-Vendor အဖြစ် ဆောင်ရွက်ပေးခြင်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်တွင်းကွန်ရက်ဆိုင်ရာ အရေး ပါသည့် Radio-Access Netw-ork(RAN) နှင့် ဆက်စပ်သော ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Eric-sson ကုမ္ပဏီမှ ထုတ်ပြန်သည်။
‘‘ပထဝီအနေအထားကွဲပြား တဲ့ တိုင်းပြည်တွေမှာ Network တွေ တည်ဆောက်ပေးခဲ့တဲ့ ကျွန် တော်တို့ရဲ့ အတွေ့အကြုံတွေက မြန်မာနိုင်ငံသားတွေကို မိုဘိုင်း အတွေ့အကြုံတွေပေးမယ့် တယ် လီနောအတွက် ခိုင်ခံ့တဲ့အခြေခံ အဆောက်အအုံတွေကို ဖန်တီး ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ဖြစ်စေပါတယ်’’ဟု Ericsson Myanmar ၏ ဒေသတွင်းမန်နေ ဂျာ Jan Wassenius က ပြောသည်။
အဆိုပါပူးပေါင်းမှုအရ သုံး စွဲသူများအတွက် 2G နှင့် 3G နှစ် မျိုးစလုံးပါဝင်သည့် အသံအရည် အသွေးကောင်းမွန်ပြီး အင်တာ နက်ချိတ်ဆက်မှု မြန်နှုန်းမြင့် (Multi-Standard Network)ဖြင့် အဆင့်မြှင့် 2G နှင့် 3G ပစ္စည်း ကိရိယာများတပ်ဆင်၍ ကွန် ရက်ဖြန့်ကြက်နိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်သည်။
တယ်လီနောမြန်မာအနေ ဖြင့် Ericsson ကုမ္ပဏီကို ၎င်းတို့ ၏ နိုင်ငံတကာမှပူးပေါင်းလုပ်ကိုင် မည့် ကုမ္ပဏီ၊ Ayarwaddy Gr-een ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ပြီး မိုဘိုင်းကွန်ရက်အတွက် ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီအဖြစ် Huawei ကုမ္ပဏီကိုလည်း ရွေးချယ်ထားခြင်းဖြစ်သည်။
တယ်လီနောမြန်မာအနေ ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများလုပ် ကိုင်ခြင်းကို ဆက်သွယ်ရေးအော် ပရေတာလိုင်စင် ၁၅ နှစ် သက် တမ်းစတင်အကျုံးဝင်သည့် ဖေဖော်ဝါရီ ၅ ရက်မှစတင်ခဲ့ခြင်း ဖြစ်ပြီး Ericsson ကုမ္ပဏီ၏ လေ့လာချက်အရ မြန်မာနိုင်ငံရှိ မိုဘိုင်းကဏ္ဍစီးပွားရေးအကျိုး သက်ရောက်မှုစုစုပေါင်းမှာ လိုင် စင်များချပေးပြီး ပထမသုံးနှစ် ကျော်ပါက တိုင်းပြည် GDP သည် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းကြားရှိလာမည်ဟု ခန့် မှန်းထားသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment