ပြည်ပတင်ပို့ရန် အချိန်မမီလိုက်သည့် သစ်လုံးများအတွက်ကျသင့်ငွေ ခြောက်လအတွင်းမသွင်းလျှင် ပြန်သိမ်းမည်
by 7daynews
News | 7Day DailyYesterday, 09:48
သင်္ဘောပေါ်သို့ သစ်များတင်ဆောင်ရန် စောင့်ဆိုင်းနေသော သစ်တင်ယာဉ်များကို မတ်လ၃၁ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−ပြည့်စုံငြိမ်း)
ပုဂ္ဂလိက ကုမ္ပဏီများက အစိုးရထံမှ ကြိုရောင်းကြိုဝယ် စနစ်ဖြင့် ဝယ်ယူထားပြီး ပြည်ပသို့ တင်ပို့ရန်အချိန်မမီလိုက်သော သစ်လုံးတန်ချိန် သုံးသိန်းခန့်အ တွက် ခြောက်လအတွင်း ငွေ မသွင်းပါက နိုင်ငံတော်ကသစ်လုံး များကို ပြန်လည်သိမ်းယူမည်ဖြစ် ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ထွန်းက ပြောသည်။
‘‘သင်္ဘောတင်ပြီးသလောက် သာ ငွေယူထားတာ။ ကြိုတင်ငွေ မယူထားတဲ့အတွက် ငွေအပြည့် အဝရမှ တင်ပို့ခွင့်ပြုတာဖြစ်တဲ့ အတွက် ငွေကြေးအရှုပ်အရှင်းမရှိ ဘူး။ ကျန်တဲ့သစ်တွေကို ခြောက် လအတွင်းမှာ ငွေမသွင်းရင် မူလ က ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားပေ မယ့် နိုင်ငံတော်က ပြန်သိမ်းယူ မယ်’’ဟု ဝန်ကြီးက ပြောသည်။
ယခုနှစ် မတ်လ ၃၁ ရက် ညဥ့် ၁၂ နာရီတွင် ပြည်ပသို့သစ်အလုံး လိုက်တင်ပို့မှုကိုအစိုးရက တရား ဝင်ရပ်ဆိုင်းခဲ့ပြီးနောက် ယခုနှစ် အတွက် ပြည်ပသို့သစ်အလုံးလိုက် တင်ပို့ရန် တန်ချိန်သုံးသိန်းခန့် ကျန်ရှိခဲ့သည်။ သင်္ဘောတင်ပြီး သမျှ သစ်ဖိုးကိုသာ ငွေယူထားပြီး ပြည်ပသို့တင်ပို့ခွင့်မရသည့်သစ် များအတွက် ငွေယူထားခြင်းမရှိ သောကြောင့် သစ်ဖိုးကိုကုမ္ပဏီက ဝန်ကြီးဌာနသို့ ခြောက်လအတွင်း ငွေသွင်းခြင်းမရှိခဲ့ပါက နိုင်ငံတော် က ပြန်လည်သိမ်းယူမည်ဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်အ တွက် ပြည်ပသို့ကျွန်းနှင့် သစ်မာ တန်ချိန်ရှစ်သိန်းခန့် အလုံးလိုက် တင်ပို့ရန် လျာထားခဲ့သော်လည်း အိန္ဒိယနိုင်ငံငွေဈေးမတည်ငြိမ်မှု ကြောင့် အဝယ်ကျဆင်းခဲ့သည်။ ထိုသို့ အဝယ်ကျဆင်းမှုကြောင့် ပြည်တွင်းတွင် သစ်အလုံးလိုက် တန်ချိန် သုံးချိန်ခန့်ကျန်ရှိနေသည် ဟု ဝန်ကြီးကပြောသည်။
ပြည်ပသို့တင်ပို့ရန် ကျန်ရှိနေ သည့် သစ်လုံးတန်ချိန်သုံးသိန်းကို တန်ဖိုးမြင့်ပစ္စည်းများထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရန် အစိုးရက ခွင့် ပြုထားသည်။
‘‘သစ်အလုံးလိုက်တင်ပို့တာ တွေ ကုမ္ပဏီက ရပ်လိုက်ပါပြီ။ ပို့သင့်သလောက်ပို့လိုက်ပေမယ့် ကျန်တဲ့သစ်တွေလည်းရှိသေး တယ်။ ဘိုင်ယာ(ဝယ်သူ)တွေကို အကုန်ရောင်းထားတယ်။ သူတို့ က ခွဲသားအဖြစ် အသွင်ပြောင်းပြီး သူတို့နိုင်ငံကိုသွင်းမယ်။ ငါးလပိုင်း နဲ့ ခြောက်လပိုင်းလောက်ဆိုရင် ပြီးပြတ်လောက်မယ်ထင်တယ်’’ ဟု ထူးကုမ္ပဏီမှ အမည်မဖော်လို သူတစ်ဦးက ပြောသည်။
မတ်လ ၃၁ ရက်သည် ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းသည့်နေ့ဖြစ်သောကြောင့် မြန်မာ့ဆိပ်ကမ်းတစ်လျှောက်တွင် သစ်လုံးတင်မည့်သင်္ဘောများ တစ်ရက်တည်း ၁၇ စီးဆိုက်ကပ် ခဲ့သည်။ သစ်လုံးတင်သင်္ဘောအ များဆုံးဆိုက်ကပ်သည့် နေ့ဖြစ် သော်လည်း ပြည်ပသို့ သစ်တင်ပို့ မည့် သစ်လုံးများ အပြည့်အဝတင် ပို့နိုင်ခြင်းမရှိဘဲ ကားအစီးရေ၁၀၀ ကျော်ခန့် လှည့်ပြန်ခဲ့ရသည်ဟု သတင်းရရှိသည်။
‘‘အဲဒီနေ့က သစ်လုံးတင် သင်္ဘောတွေအများကြီး ဆိုက်ကပ် ခဲ့တယ်။ သူ့ထက်ငါအလုအယက် ကုမ္ပဏီက သစ်တင်ကြတယ်။ အကျပ်တည်းဆုံးပဲ။ သင်္ဘောပေါ် မှာ ပါသွားတဲ့သစ်လုံးတွေက အစီ အစဉ်မကျဘူး။ စနစ်မကျဘူး။ ဝရုန်းသုန်းကားတင်သွားကြတယ်။ ပင်လယ်ရောက်သွားမှ ဒီသစ် သင်္ဘောတွေ ဘာမှမဖြစ်စေနဲ့လို့ ဆုတောင်းရမှာပဲ’’ဟု မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် သစ်တင်သင်္ဘော အများအပြားဆိုက်ကပ်ခဲ့သဖြင့် ရေကြောင်းကျပ်တည်းမှုလည်း ဖြစ်ပေါ်ခဲ့သည်

posted from Bloggeroid
No comments:
Post a Comment