Sunday, April 6, 2014

7Dayသတင်း

ရိုးရာနှင့် ခေတ်ပေါ်နည်းပညာ ပေါင်းစပ်ထားသည့် အနုပညာဖန်တီးမှုပြခန်း ဖွင့်လှစ်မည်
by 7daynews
News | 7Day DailyYesterday, 09:48
မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဟင်းလျာအစားအသောက်များကို  ခေတ်ပေါ် နည်းပညာနှင့် ပေါင်းစပ်ထားသည့် အနုပညာဖန်တီးမှုတို့ကို ပြသမည့် ပြခန်းတစ်ခုကို ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြခန်းမျိုးသည် ဥ ရောပနှင့် အမေရိကတို့တွင် ဆန်း သစ်သော စိတ်ကူးများကို ပေါင်း စပ်၍ ပြသသည့် Pop-up ပြခန်း များအဖြစ် နိုင်ငံတကာ၌ လူကြိုက်များလျက်ရှိသည်။

Yangon Pop-up Project ၏ ပြခန်းတွင် ယဉ်ကျေးမှုကဏ္ဍ အတွက် နိုင်ငံတစ်ဝန်းရှိ အနု ပညာရှင် ၁၅ ဦး၏ ဒီဇိုင်းဖန်တီး မှု၊ သရုပ်ဖော်တင်ဆက်မှု၊  လက်မှုပညာနှင့် ဓာတ်ပုံစသော ခေတ်ပြိုင်အနုပညာရှင်များကို အဓိကထား၍ ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရိုးရာလက်မှု ပညာရပ်ကို မြှင့်တင်ထုတ်ဖော် ရန်အတွက်ဆန်းသစ်သော အမြင်ဖြင့် တီထွင်ဖန်တီးထားသည့် ပစ္စည်းများကိုလည်းရောင်းချသွားမည်ဖြစ်သည်။

‘‘ဒီပရောဂျက်ကို အသုံးပြု ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက အနုပညာ၊ အချက်အပြုတ်နည်း ပညာတွေနဲ့ ပေါင်းစည်းပြီး ဖန်တီးနိုင်တယ်ဆိုတာ ဒီပရောဂျက်က နေ ပုံဖော်သွားမှာပါ’’ဟု ပရော ဂျက်ကို အကောင်အထည်ဖော် မည့် Pun & Project ကိုစတင် တည်ထောင်သူ မစ္စတာ Ivan Pun ကပြောသည်။

ထို့အပြင် အစားအသောက် ကဏ္ဍအနေဖြင့် မြန်မာနှင့် ကမ္ဘာ့ အတွေးစိတ်ကူးများကို ဖလှယ် ထားသည့် ဟင်းလျာရသကို ဖန် တီး၍ ရောင်းချပေးသွားမည် ဖြစ် သည်။

လက်ရှိတွင် အဆိုပါပြခန်း နေရာအား တစ်နှစ်ဖွင့်လှစ်ရန် စီ စဉ်ထားပြီး ပြည်သူများအတွက် ပညာရေး၊ တေးဂီတပွဲများ၊ စာ တမ်းဖတ်ပွဲများ၊ သရုပ်ဖော်တင် ဆက်မှုများ၊ ရုပ်ရှင်ပြသမှုများ၊ အနုပညာလက်ရာပြပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။

အဆိုပါပြခန်းကို ရန်ကုန်မြို့ လမ်းသစ်ဆိပ်ကမ်းနှင့် ကိုင်းတန်း အမှတ် (၁) ဆိပ်ကမ်းတို့ကြား Trasnist Shed No.1 တွင် ဧပြီ ၆ ရက်မှစ၍ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ပြည်သူများအားလုံး အခမဲ့ လာရောက်ကြည့်ရှုနိုင်သည်

posted from Bloggeroid

No comments:

Post a Comment