Tuesday, April 1, 2014

ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတင်မည်

မြန်မာဝမ်ပေါင် သင်တန်းသားများ အခြေခံလုပ်ခလစာနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတင်မည်
by 7daynews
News | 7Day DailyToday, 09:43
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်အနီးတစ် ၀ိုက်ကျေးရွာ ၂၆ ရွာမှ ဘွဲ့ရများ တက်ရောက်နေသည့် မြန်မာဝမ်  ပေါင်ကုမ္ပဏီလုပ်သားသင်တန်း  သားများ၏ အခြေခံလစာနှင့် ပတ်သက်၍ လက်ပံတောင်းတောင် ကြေး နီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ထံ တင်ပြစာ တစ်စောင် အား ပေးပို့ရန် ဧပြီ ၁ ရက် မြန်မာ ၀မ်ပေါင်ကုမ္ပဏီဒုတိယအကြိမ် သင်တန်းသားများစုံညီအစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘အခြေခံလုပ်ခလစာနည်း ပါးမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ထံကို တင်ပြစာ တစ် စောင်ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ဧပြီ ၄ ရက်မှာ သင်တန်း သားတွေစုံညီအစည်းအဝေး ထပ် မံကျင်းပပြီး လစာထုတ်ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ကြ မယ်’’ဟု မြန်မာဝမ်ပေါင်ကုမ္ပဏီ လက်ပံတောင်းတောင်ဒေသခံ သင်တန်းသားတစ်ဦးက ပြော ကြားသည်။

‘‘လက်ရှိတောင်းဆိုနေတာ အခြေခံလစာနဲ့ ပတ်သက်ပြီး တောင်းဆိုတာပဲရှိတယ်။ အလုပ် သမားတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ် သက်ပြီး အခြားတောင်းဆိုမှုဘာမှ မရှိပါဘူး။ ဒီကိစ္စတွေကို လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း စုံ စမ်းစစ်ဆေးရေးကော်မရှင် ဥက္က ဋ္ဌဒေါ်အောင်ဆန်းစုကြည်သိသင့် ပါတယ်’’ဟု မြန်မာဝမ်ပေါင်သင် တန်းသားများအရေး ဦးဆောင်သူ တစ်ဦးကပြောသည်။

ဆားလင်းကြီးမြို့နယ် လက် ပံတောင်းတောင်ဒေသခံ မြေယာ ဆုံးရှုံးပြီး ဘွဲ့ရသူများအား လစာ ငွေအလွန်နည်းပါးစွာဖြင့် အလုပ်  ခန့်ထားခြင်းကိစ္စကို မြန်မာဝမ် ပေါင်ကုမ္ပဏီဒုတိယမြောက်ဖွင့် လှစ်သည့် သင်တန်းသား ၁၃၄ ဦးက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သင်တန်းသားများစုံညီအစည်းအ ဝေးကို ဧပြီ ၁ ရက် နံနက် ၈ နာရီ က သတိပဋ္ဌာန်ဝိပဿနာ ကံကြီး အောင်ကျောင်းတိုက် ဓမ္မာရုံတွင်း ကျင်းပခဲ့ပြီး အခြေခံလုပ်ခလစာနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment