နရပ်ပြန်မည့် ဝန်ထမ်းများအတွက် သင်္ကြန်အထူးရထားနှစ်စီး စီစဉ်ထား
by 7daynews
News | 7Day DailyYesterday, 09:48
နေပြည်တော်မှ ရန်ကုန်နှင့်မန္တလေးသို့ပြန်မည့်ဝန်ထမ်းများ အတွက်ရည်ရွယ်၍ သင်္ကြန်ကာ လတွင် အထူးရထားနှစ်စီးပြေးဆွဲ မည်ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သတင်းရရှိသည်။
‘‘သင်္ကြန်တွင်း ကိုယ့်နေရပ် ကိုပြန်ပြီးနားကြမယ့် ဝန်ထမ်းတွေ အတွက် အဓိကရည်ရွယ်ပြီးလုပ် ပေးတာပါ။ ညနေဘက် သူတို့ရုံး ဆင်းချိန်တွေမှာ ပြေးဆွဲမှာပါ’’ဟု မြန်မာ့မီးရထား စီးပွားရေးဌာန (ခရီးသည်) လက်ထောက်အထွေ ထွေမန်နေဂျာဦးကျော်ကျော်မျိုး က ပြောသည်။
သင်္ကြန်အထူးရထားနှစ်စီး မှာ နေပြည်တော်မှ ရန်ကုန်ပြန် မည့်ဝန်ထမ်းများအတွက် ဧပြီ ၁၁ ရက်နှင့် သင်္ကြန်အပြီး နေပြည် တော်သို့ ပြန်မည့်ဝန်ထမ်းများ အတွက် ဧပြီ ၂၁ ရက်တို့တွင် စီစဉ်ထားခြင်းဖြစ်သည်။
ရန်ကုန် - နေပြည်တော် လက်မှတ်မှာ ပုံမှန်နှုန်းထားများ ပင်ဖြစ်ပြီး ရိုးရိုးတန်း ကျပ် ၂,၈၀၀ နှင့် အထက်တန်း ကျပ်၅,၆၀၀ ဖြစ်သည်။
ထို့အပြင် မန္တလေး၊ ပုဂံ၊ ရှမ်းပြည်နယ်ရှိ မြို့များအပြင် အခြားရထားလမ်းပေါက်သော ဒေသများသို့လည်း ဝန်ထမ်းများ သွားရောက်လိုပါက ပုံမှန်ပြေးဆွဲ နေကျခရီးစဉ်များတွင် ထည့်သွင်း စီစဉ်ပေးမည်ဟု ဆိုသည်။
‘‘ရထားနဲ့ပြန်မယ့် ဝန်ထမ်းတွေကို ဌာနတွေမှာစာရင်း ကောက်ပါတယ်။ သူတို့ပြန်မယ့် နှုန်းထားကိုကြည့်ပြီး ပြေးဆွဲဖို့ စီစဉ်တာပါ’’ ဟု လက်ထောက် အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။
ပုံမှန် ခရီးသွားလိုသူများ အတွက်လည်း သင်္ကြန်တွင်း အထူးရထားများအဖြစ် သင်္ကြန်မတိုင်မီ
နှင့် သင်္ကြန်ပြီးရက်များတွင် ပြေးဆွဲနိုင်ရန်စီစဉ်နေသည်ဟု သိရသည်။
ဧပြီလ ၁၄ ရက်မှ ၁၆ ရက် အထိ ရန်ကုန်-ကျိုက်ထို RBE အဲကွန်းရထား၊ ရန်ကုန် - မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲသည့် အမှတ်(၅)၊ အမှတ်(၆)အစုန် အဆန်အမြန်ရထား၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် ပြေးဆွဲ နေသည့် အမှတ်(၃၅)၊ အမှတ် (၃၆) အစုန်အဆန်အမြန်ရထား၊ ရန်ကုန်-နေပြည်တော်လမ်းပိုင်း တွင် ပြေးဆွဲသည့် အမှတ်(၈)အစုန်အဆန် အမြန်ရထား၊ ရန်ကုန်-ပုဂံလမ်းပိုင်းတွင် ပြေး ဆွဲသည့် အမှတ်(၆၁)၊ အမှတ် (၆၂)အစုန်အဆန်အမြန်ရထား များနှင့် ဧပြီ ၁၃ ရက်မှ ၁၆ ရက် အထိ မြို့ပတ်ရိုးရိုးရထားများ၊ RBE အဲကွန်းရထားနှင့် အထူးတွဲ သီးသန့်တွဲဆိုင်းပါသော မြို့ပတ် ရထားများ ရပ်နားမည်ဟု မြန်မာ့ မီးရထားမှ စာရင်းထုတ်ပြန်ထား သည်

posted from Bloggeroid
No comments:
Post a Comment