"မန္တလေးမြို့ရှိ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများကို
ဒီဇင်ဘာ(၂၂)ရက်မှစတင်၍ မဲစနစ်ဖြင့် ရောင်းခဲ့သော်လည်း ဆင်းရဲသားများမဝယ်နိုင်ဟုဆို"
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒရပ်ကွက် နှင့် အောင်သာယာရပ်ကွက် အကွက်အမှတ် (မမ-၁၅) နှင့် (မမ-၂၆) တို့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အခန်းပေါင်း(၁၃၄၄)ခန်း ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးခဲ့ရာ နိုဝင်ဘာ(၁၃)ရက် နောက်ပိုင်း အခန်းလျှောက်ထားသူ(၃၇၇)ဦးရှိခဲ့၍ ယင်းလျှောက်ထားမှုအတွက် အချိုးကျမဲစနစ်ဖြင့် ဒီဇင်ဘာ(၂၂)ရက် နံနက်(၉)နာရီတွင် စတင်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
မြရည်နန္ဒတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အရစ်ကျငှား၊ ၀ယ်စနစ် နှင့် လက်ငင်း ၀ယ်စနစ် စသည့်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ယင်းစနစ်သည် ကြိုပွိုင့်စနစ်မဟုတ်ပဲ ငှား၊ ၀ယ် Hire Purchase စနစ်ကို ငါးနှစ် နှင့် ရှစ်နှစ်အတွင်း ဘဏ်အတိုးဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများသည့် ကျပ်သိန်း(၆၀) မှ ကျပ်သိန်း(၁၃၀)ထိ ထပ်မြင့်နေရာပေါ် မူတည်၍ ဈေးရှိပြီး ဘဏ်ဖြင့် ချိတ်ဆက်ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ငါးနှစ်အတွင်း ကျန်ရှိသော တိုက်ခန်းတန်ဖိုး ငွေပဏ၊ ဘဏ်အတိုးရှစ်ရာခိုင်နှုန်း၊ ကော်မရှင်ခ တစ်ရာခိုင်နှုန်းတို့ကို ဆက်လက်ပေးသွားရမည်ဖြစ်သည်။
‘‘ ဘဏ်တွေနဲ့ ချိတ်ဆက် ၀ယ်ယူမည်ဆိုရင် ဘဏ်များ၏ သတ်မှတ်ထားသည့် စည်းကမ်းများကို သေချာသိရှိနားလည်မှ စာချုပ်ချုပ်ဖို့ နဲ့ ငွေမကြေသည့်ကာလအတွင်း ဘဏ်များမှ မီးအာမခံထားရှိဖို့ လိုအပ်ပါတယ်၊ ဘဏ်များနှင့်ချိတ်ဆက်ပြီး ၀ယ်ယူပါက သုံးလဆက်တိုက်ပျက်ကွက်ပါက တိုက်ခန်းကို ပြန်လည်သိမ်းမှာပါ၊ ဘဏ်များနှင့်ချိတ်ဆက်ပြီး အငှားငွေချေစနစ်ဖြင့် ၀ယ်ယူရာတွင် ကနဦးပေးသွင်းရမည့် (၃၀)ရာခိုင်နှုန်းမှာ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့်အတွက် လျှော့ပေး၍ မရပါဘူး ’’ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ ကျန်တဲ့ တိုက်ခန်းအရေအတွက်ကို ဘယ်လိုစီမံမည်ဆိုတာ မသိသေးပါဘူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပြီး ညွန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ၊ လာမည်နှစ်အတွင်း အခန်း(၅၀၀၀)ပြည့်တဲ့အထိ တည်ဆောက်ပြီး ရောင်းချသွားဖို့ စီစဉ်လျက်ရှိပါတယ်၊ အဲဒီ တိုက်ခန်း(၅၀၀၀)ပြည့်အောင် တည်ဆောက်မည့် နေရာတွေကတော့ မြရည်နန္ဒတိုက်ခန်းအနီးမှာ မြေလွတ်နှစ်ခုရှိသေးတဲ့အပေါ်မှာ စည်ပင်ပိုင် မြေနေရာတွေမှာ တည်ဆောက်သွားဖို့ စီစဉ်နေပါတယ် ’’ ဟု ၎င်းက ထပ်မံပြောသည်။
မြရည်နန္ဒတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက်ခန်းလျှောက်ထားသူ(၃၇၇)ဦးရှိပြီး လက်ငင်း ငွေပေးချေ ၀ယ်ယူသူ (၆၅)ဦး နှင့် ဘဏ်ဖြင့် ချိတ်ဆက်၍ ၀ယ်ယူသူ(၃၁၂)ဦး ရှိရာ လက်ငင်းဝယ်ယူသူများကို အဓိက ဦးစားပေး ရောင်းချနိုင်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်း(၁၃၄၄)ခန်းတွင် မြေညီထပ်(၁၃၀)ကျော် ပါရှိပြီး လက်ရှိတွင် မြေညီထပ်လျှောက်ထားသူ(၂၂၉)ဦးရှိရာ အချိုးကျ ညီညီမျှမျှ ရောင်းချပေးနိုင်ရန် မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သော်လည်း ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ရောင်းချမည်အစီအစဉ်တွင် မြေညီထပ် အခန်း(၃၀)ကျော်သာ ရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါတိုက်ခန်းများကိုအခုလိုရောင်ချရာ
တွင် မြရည်နန္ဒာမြို့သစ် ကံကြီးကုန် ဇီကုန်
တို့ မှရောင်းမှားဝယ်မှားမြေများပေါ်တွင်နေ
ထိုင်သူတချို့သာဝယ်ယူကြပြီး အများစုမှ
ရောင်းချမှုစနှစ်ကိုသဘောမကျ၍ မဝယ်နိုင်
တာကိုတွေ့ ရပါတယ် ဒီမြေတွေပေါ်မှ
နေတယ်ဆိုတာ မန္တလေးမြို့ထဲ့မှာအိမ်ဝယ်
ပြီးမနေနိုင်လိုအများစုက ကိုယ်စုထားတာ
လေးတွေနဲ့ အိမ်တစ်လုံးစာအဖြင့်ဝယ်နေ
ကြတာပါ အလုံးကတစ်နေ့ တစ်နေ့စား
မရှိဆင်းရဲသားတွေများပါတယ် သူတို့ ရောင်းတာက ကျွန်တော်ဆင်းရဲသားတွေ
အားလုံးလက်ရှိကနေလက်မဲ့ဖြစ်အောင်လုပ်နေသလိုပါဘဲ လက်ရှိနေရာကိုစွန်ပြီး
တိုက်ခန်းပေါ်တော့ရောက်သွားပါပြီး ကိုယ်
ပိုင်တာမဟုတ်သေဘူး အရစ်ကျစနှစ်ဆိုပြီး
ဘဏ်တိုးနဲ့ ယူပြီး သိန်း ၃၀ ပေးရမယ်
ကျန်အရစ်ကိုလည်သွင်းရမယ် ဘဏ်တိုး
မသွင်းနိုင်ရင် တိုက်ပေါ်ကဆင်းပေး ရမယ်
ဆိုတော့ လက်ရှိနေသောနေရာမရှိတိုက်ခန်း
အသိမ်းခံရဘဝရောက်သွားဖိုများပါတယ်
ပိုက်ဆံရှိတဲ့သူများသာဝယ်ယူနိုင်ပြီး
တစ်နေ့ လုပ် တစ်စားဆင်းရဲသားများက
တော့ "လုံးဝ "မဝယ်နိုင်ပါဘူး နေစရာမရှိ
သဖြင့် လက်ရှိနေရာကလည်း မဖယ်ပေး
နိုင်ဘူးလို ရောင်းမှားဝယ်မှားမြေများပေါ်
တွင် လက်ရှိနေသူတစ်ဦးကပြောသည်။

posted from Bloggeroid
No comments:
Post a Comment