(၃၉) ကြိမ်မြောက် ကာတွန်းဆရာကြီးများအာ ဂါရ၀ပြု ကန်တော့ပွဲကျင်းပမည်
MoeMaKa Burmese News27 Dec 2014(၃၉) ကြိမ်မြောက် ကာတွန်းဆရာကြီးများအာ ဂါရ၀ပြု ကန်တော့ပွဲကျင်းပမည်(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅လာမယ့် ဇန်န၀ါရီလ ၃ (စနေနေ့)၊ ၂၀၁၅ ရက်နေ့မှာ ၃၉ ကြိမ်မြောက်ကို ရောက်ရှိလာပြီဖြစ်တဲ့ ကာတွန်းဆရာကြီးများအား ဂါရ၀ပြု ကန်တော့ပွဲကို ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်မှာရှိတဲ့ Home Media ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အခမ်းအနားကျင်းပချိန်ကတော့ နံနက် ၁၀ နာရီကနေ ၁၂ ထိ ဖြစ်တယ်လို့ သိရပါတယ်။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်ကာလတွေအတွင်း ကလောင်စွမ်းထက်ထက်နဲ့ တစိတ်တဒေသပါဝင်ခဲ့တဲ့ ကာတွန်းမျိုးဆက် အဆက်အဆက်တို့ကို အဆိုပါပွဲမှာ စုံစုံလင်လင်တွေ့ရမယ်လို့လည်း ခန့်မှန်းရပါတယ်။ အဆိုပါ ဂါရ၀ပြုကန်တော့ပွဲအနေနဲ့ ၁၉၅၉ ခုနှစ်မှာ ကာတွန်းဆရာကြီး ဦးဟိန်းစွန်းနေအိမ်ကို ထိုခေတ်က ကာတွန်းဆရာကြီးတွေ သွား ရောက်ကန်တော့ခြင်းကစလို့ စတင်ခဲ့တဲ့ ကာတွန်းဆရာ ကန်တော့ပွဲဟာ နှစ်စဉ် နှစ်တိုင်း ကိုယ်ထူကိုယ်ထ လက်ဆင့်ကမ်း သယ်ဆောင် ကျင်းပလာခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။၁၉၈၅ နဲ့ ၁၉၉၅ အတွင်းတော့ ကန်တော့ပွဲကို လေးနှစ်ဆက်တိုင် မကျင်းပနိုင်ခဲ့တဲ့အပြင် ဆရာကြီးဦးဟိန်းစွန်း၊ ဦးကျော်ဆန်း၊ ဦးဘထွေး၊ ဦးသန်ကြွယ်၊ ဦးစိန်တို့ ကွယ်လွန်သွားခဲ့တဲ့အကြောင်း ကာတွန်းဆရာ မိုးထက်မိုးက သူရဲ့ ဆိုရှယ်လူမှုကွန်ယက်စာမျက်နှာပေါ်က ပြောဆိုထားပါတယ်။အဆိုပါပွဲကို ရပ်နီးရပ်ဝေးမှ ကာတွန်းဆရာတိုင်းသာမက စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လာကြဖို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။ မူလသတင်းရင်းမြစ်နှင့် ဓာတ်ပုံ - ကာတွန်း မိုးထက်မိုးCommentsVisit website

posted from Bloggeroid
No comments:
Post a Comment