Tuesday, December 30, 2014

အမေ့ခြေရာခံယူပွဲ မန္တလေးတွင်ကျင်ပ




"အမေ့ခြေရာခံယူပွဲမန္တလေးတွင်စတင်ကျင်ပ"
=======================
ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း ၃၆လမ်း
ကြား ပရိယတ္တိ သာသနဟိတအသင်းကြီး
အတွင်း အမေနေ့ဖြစ်မြောက်ရေးကော်မတီ
ကဦးစီးကျင်ပလျှက်ရှိသော" အမေ့ ခြေ ရာ" ခံယူပွဲကို ဒီဇင်ဘာလ ၃၁ နေ့ နံနက်
၉ နာရီမှာ နေ ၂း၀၀နာရီအထိ ၅ ရက်တိုင်
အမေချစ်သူများ အဖေချစ်သူမည်သူမဆို
လာရောက် ခြေရာခံယူနိုင်ရန်ကျင်ပလျှက်
ရှိဟုသိရသည်။
အခုလို အမေ့ခြေရာခံယူပွဲလုပ်ရတာဟာ
အမေနေ့ ပြာဆို့လည်အထိမ်းအမှတ်အဖြစ်
နဲ့လုပ်လာတာ ၁၉ နှစ်ရှိပါပြီး မန္တလေးမြို့ကို
ဒီလိုပွဲ စတင်လုပ်ဖြစ်တာကတော့ ဆရာကြီး ဦးသုခ ဆခဲ တာဖြစ်ပါတယ်
အဖေနေ့ကိုတော့တပေါင်လပြည့်နေ့မှာ
ဒီနေရာမှာဘဲလုပ်ပါတယ် အခုလိုခြေရာခံ
ပွဲကို အမေ့ခြေရာရော် အဖေခြေရာပါသား
သမီးများက မိဘနှစ်ပါးသက်ရှိထင်ရှားရှိစဉ်
အချိန်မှာမည်သည့်မိဘ ဘယ်လိုလူမျိုးမဆို
လာရောက်ပြီး ကိုယ်မိဘ တွေရဲခြေရာကို
မိဘများခေါ်လာပြီး ခံယူလိုရအောင်စီစဉ်
ထားပါတယ် ပိတ်ဖြူပေါ်မှာ အမေများ၏
ခြေရာကိုမိဘများမသေခင်ယူခြင်းဟာ
မိဘများမရှိတော့သည့်အခါ မိဘများကိုယ်
စားကိုးကွယ်လိုရပါတယ် နှံဆီးနဲ့ နနင်းကို
ဖျော်ထားပြီးခြေပဝါးကိုကို သုတ်ပေးပြီး
မိဘများ၏ခြေရာခံပွဲပြုလုပ်ပေးဖြစ်တာ
ဒီမှာလာရောက်လုပ်ကိုင်သူများကလည်း
အမေချစ်သူများကလာရောက်ပြီးစေတနာ
နဲ့ ကူညီပေးတာဟု အမေ့ခြေရာခံပွဲဖြစ်မြောက်တာဝန်ခံအဘ
ဆရာဦးဘုန်းမြင့်အောင်ကပြောသည်။

အဆိုပါ အမေ့ခြေရာခံပွဲကို ဒီဇင်ဘာလ ၃၁
ရက်နေ့ မှ ဇန်နဝါရီလ ၄ ရက်နေ့ ၂၀၁၅
ပြာဆို့လပြည့်နေ့ အထိကျင်ပပြုလုပ်သွား
မယ်ဖြစ်ကြောင်း ရပ်ဝေမှ မန္တလေးကိုမိဘ
များနှင့်အတူ ဘုရားဖူးလာရင်ကြုံရင် မိဘ
များ၏ခြေရာကိုလာရောက်ယူလိုရသလို
လူမျိုးမရွေးဘာသာမရွေး အမေ့နေ့ အထိ
အမေ့ခြေရာခံယူလိုရပါတယ်ဟု အမေ့ခြေ
ရာခံယူခြင်းဖြစ်မြောက်ရေးကစေတနာ
ဝန်ထမ်းများကပြောသည်။

posted from Bloggeroid

No comments:

Post a Comment