

ရန်နောင် (ဗိုလ်တထောင်) - ခရစ္စမတ်နေ့မှာ ပြုလုပ်ခဲ့တဲ့ လင်းလင်း၏ လေးကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲ
MoeMaKa Burmese News27 Dec 2014ရန်နောင် (ဗိုလ်တထောင်) - ခရစ္စမတ်နေ့မှာ ပြုလုပ်ခဲ့တဲ့ လင်းလင်း၏ လေးကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲ (မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၄ တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များတွင်ပြုလုပ်ခဲ့သော အဆိုတော်လင်းလင်းသည် ၂၀၁၄ ခရစ်စမတ်နေ့တွင်လည်း သူ၏ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင် အော်ခက်စထရာ သံစုံတီး ဝိုင်းကြီးနှင့် ထူးခြားစွာပြုလုပ်ခဲ့သည်။ဒီဖျော်ဖြေပွဲကြီးမတိုင်ခင်ကတဲက သီချင်းတိုက်ပြင်ဆင်မှုတွေကို ညသန်းခေါင်အထိ ဆယ်ရက်လောက် အပြင်းအထန် ရာသီဥတု အေးတဲ့ ကြားက လုပ်ခဲ့တာပါ။ ဒီ့အတွက် အားလုံးကူညီဝိုင်းဝန်းပေးကြသူများကို ကျေးဇူးတင်ပါတယ်။ သီချင်းတိုက်တာကို စတူဒီယိုမှာတင်မဟုတ်ပဲ ဒီကွင်းအတွင်းမှာပါ လာရောက်တိုက်ကြတာပါဟု လင်းလင်းက ပြောပြခဲ့သည်။လင်းလင်း၏ တကိုယ်တော်ဖျော်ဖြေမှုတွင် မန္တလေးမှ Dream Lover Music Band နှင့်အတူ ဂီတမှူး ၀ိရာမိုရ် ဦးဆောင်သော ဂီတကဗျာ သံစုံတီးဝိုင်းမှလည်း အားဖြည့်တီးခတ်ပေးခဲ့သည်။ ပတ်ကားရှင်းကို နေသစ်မိုးက တီးခတ်ခဲ့ပြီး ဂျေမောင်မောင်၊ ချစ်သုဝေတို့မှ စုံတွဲကူညီ သီဆိုပေးခဲ့ကြသည်။ မောင်မောင်ဇော်လတ်မှာ ပြည်ပမှ အချိန်မီ မရောက်နိုင်ခဲ့သောကြောင့် ဝင်ရောက်ဖျော်ဖြေမှု မပြုနိုင်ခဲ့ပေ။ လင်းလင်းပွဲတွင် ထိုင်ခုံနှင့် လက်မှတ်စောင်ရေ ၂၀၀၀ သာ ရောင်းချပြီး တစောင်လျှင် ၇၀၀၀ ကျပ်နှင့်ဖြစ်သည်။ အထူးတန်း လက်မှတ် ၄၀၀ သာ ထားခဲ့ပြီး တစောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်းချခဲ့သည်။ Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သော်လည်း ကွင်းအတွင်း လူငယ်များ ပြည့်နေသည်ကိုလည်း တွေ့ခဲ့ရသည်။ ကျနော် ၂၅ ရက်နေ့မှာ သီချင်း၂၅ ပုဒ်ဆိုမယ်နော်၊ ခင်ဗျားတို့နဲ့ ရင်ဘတ်ချင်းတူတဲ့သီချင်းတွေ ဆိုမှာပါ ဟုလည်း စင်ပေါ်မှပြောကြားခဲ့သည်။ သူ၏ နာမည်ကျော် သီချင်းများသည် ယနေ့ခေတ်လူငယ်ထု၏ နှုတ်ဖျားတွင် အမြဲရွတ်ဆိုနေသော သီချင်းများဖြစ်နေသဖြင့် လူငယ်ထုနှင့် လင်းလင်း ခရစ္စမတ်ညတွင် စည်းချက်ညီခဲ့သော ညတစ်ည ဖြစ်ခဲ့သည်။ CommentsVisit website


posted from Bloggeroid
No comments:
Post a Comment