Monday, December 29, 2014

တပ်မတော်မတက်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ



ဒီဇင်ဘာ ၂၂ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တပ်မတော် တက်ရောက်ခဲ့ခြင်းမရှိသည်မှာ

OppositeyesToday, 3:14 PMဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ မတက်ရောက်နိုင်ခဲ့ခြင်းမှာ MPC နှင့် ၀န်ကြီး ဦးအောင်မင်းတို့က ကြိုတင်ဖိတ်ကြားမှု မရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံပွဲကို ၂ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တက်ရောက်ခဲ့သော်လည်း ၄င်းသည် လက်ရှိတပ်မတော်မှ အငြိမ်းစားယူထားပြီးဖြစ်ကြောင်း သိရသည်။ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှာ တပ်မတော်ကိုယ်စားလှယ်အနေဖြင့်မဟုတ်ဘဲ နယ်စပ်ရေးရာလုံခြုံရေး ပြည်ထောင်စုဝန်ကြီး တစ်ဦး အနေဖြင့် သာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ယခုကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တပ်မတော်၏ ပါဝင်မှုသည် အလွန်ပင်အရေးကြီးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်အား ဖိတ်ကြားရန် လိုအပ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့မှ ထောက်ပြမှုများရှိနေသည်။“MPC နဲ့ ဦးအောင်မင်းက တပ်မတော်ကို မဖိတ်ဘူးလို့ ကြားတယ်။ ဘာသဘောနဲ့ တပ်ကို မဖိတ်တာလဲတော့ မသိဘူးပေါ့၊ တကယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အဓိကကျတာ တပ်မတော်ဆိုတာ လူတိုင်းသိနေတာ ပဲလေ၊ အဓိကကျတဲ့ဆွေးနွေးမှုတွေက တပ်မတော်နဲ့ဆွေးနွေးမှ ပြေလည်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ တပ်ကမပါဘဲနဲ့ ဒီဆွေးနွေးပွဲမှာ ဘာတွေ ဘယ်လို ဆွေးနွေးကြမလဲတောင်မသိဘူး။ ဒီလိုလုပ်လိုက်တော့ MPC အနေနဲ့ရော ဦးအောင်မင်းအနေနဲ့ကပါ ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘော သက်ရောက်တဲ့အပြင် ငြိမ်းချမ်းရေးကို အချိန်ဆွဲတဲ့သဘောပါ သက်ရောက်နိုင်တာပေါ့” ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦး က ဆွေးနွေးပွဲနှင့်ပတ်သက်၍ သူ၏အမြင်ကိုလည်း သုံးသပ် ပြောကြားခဲ့သည်။UPWC နှင့် NCCT တို့၏ဆွေးနွေးပွဲအား နှစ်ရက် ကြာပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးပွဲမကျင်းပမီ နိုင်ငံတော်သမ္မထံသို့ ၀န်ကြီးဦးအောင်မင်းမှ ခွင့်ပြုချက်တောင်းခံခဲ့ကတည်းက တက်ရောက်စေမည့် အမည်စာရင်း၌ တပ်မတော် ကိုယ်စားလှယ်များအား ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် ထိုဆွေးနွေးပွဲသို့ UPWC မှ ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်(၆) ဦးနှင့် NCCT မှ ဖဒိုကွယ်ထူးဝင်းခေါင်းဆောင်သော ကိုယ်စားလှယ် (၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေး GroupCommentsVisit website

posted from Bloggeroid

No comments:

Post a Comment