Monday, December 29, 2014

ခရစ်စမတ် အင်အားစု

ခရစ္စမတ်အကြောင်းပြ၍ KIA အဖွဲ့မှ လူသစ်စုဆောင်းမှုများပြုလုပ်ခဲ့

OppositeyesToday, 11:23 AMဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၄ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ တက်လက်ရွှေမှော်သို့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ခရစ္စမတ်ပြုလုပ်ရန်ရောက်ရှိလာခဲ့ကြောင်း အလုပ်သမားများ ၏ ပြောပြချက်အရ သိရသည်။“ဒီရွှေမှော်နားက နမ်းခမ်းချောင်းအတွင်းမှာတော့ ရွှေတူးဖော်တဲ့လုပ်ငန်း လုပ်ကိုင်နေတာ အများကြီးပဲ။ သူတို့ ဦးစီးပြီးတော့ လာရောက်ကျင်းပတယ်ပေါ့ဗျာ၊ ပြီးတော့ ရွှေလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးတော့ ဘာတွေပြောခဲ့လဲ တော့ မသိဘူး”ဟု ရွှေလုပ်သားတစ်ဦးက ပြောသည်။အဆိုပါအဖွဲ့သည် ရွှေတူးဖော်လုပ်ကိုင်နေသော လုပ်သား(၁၀)ဦးခန့်ကို လူသစ်အဖြစ်စုဆောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ရွှေတူးဖော်နေသောလုပ်ငန်းရှင်များထံမှ သိရသည်။“ခရစ္စမတ် လာလုပ်တယ်ဆိုတာ အမည်ခံပါပဲ၊ ကိုယ်တွေပဲ အိပ်စိုက်လုပ်ရတာ၊ သူတို့က လာပြီးတော့ လူသစ်စုပေးဖို့ လာပြောတယ်၊ ဆက်ကြေး လည်း ပေးရ တယ်၊ လူသစ်စုသွားပြန်ရင်လည်း အလုပ်သမားတွေ ပေးရတယ်၊ အလုပ်လုပ်ရ တာ အလုပ်သမားရှားပါးမှုနဲ့ ကြုံနေရတယ်၊ တခြားနယ်တွေကလည်း သိပ်မလာကြတော့ဘူး၊ လူသစ်စုနေတယ် ဆိုတော့လေ”ဟု ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသော KIA အဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားမှုမရှိတဲ့အရိပ်အယောင်များကို ခံစားမိကြောင်း နှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များကို အကြီး အကျယ်စိတ်ဓာတ်ပျက်လျက်ရှိကြောင်း မိုးညှင်းမြို့ ဒေသခံရှေ့နေတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။မောင်ဇော်မှိုင်းCommentsVisit website

posted from Bloggeroid

No comments:

Post a Comment