
နိုင်ငံ့ဝန်ထမ်းလစာတိုးပေးသင့်၊ မသင့် သမ္မတရုံးစစ်တမ်းကောက်
OppositeyesToday, 6:00 AMအစိုးရဝန်ထမ်းများ လစာတိုးပေးသင့်၊ မတိုးပေးသင့်ကို နိုင်ငံတော်သမ္မတရုံးက ၎င်း၏ဝက်ဘ်ဆိုက်တွင် ပထမဆုံးအကြိမ် စစ်တမ်းကောက်ယူနေသည်။လွှတ်တော်က အစိုးရဝန်ထမ်းများ၏လစာကို တစ်ဦးလျှင် အနည်းဆုံး ကျပ်တစ်သိန်းခွဲမှ ကျပ်နှစ်သိန်းထိတိုးမြှင့်ပေးရန် အဆိုတင်ပြထောက်ခံပြီးနောက် အစိုးရက ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ၊ စီးပွားရေး ပညာရှင်များနှင့်ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်တွင် စစ်တမ်း စတင်ကောက်ယူခြင်းဖြစ်သည်။စစ်တမ်းကောက်ယူရာတွင် မေးခွန်းလေးခုကို မေးမြန်းထားသည်။ (၁) မက်မောလောက်အောင်လစာတိုးပေးသင့်သည်။ (၂) အသင့်တင့်သာတိုးပေးသင့်သည်။ (၃) လစာတိုးမပေးသင့်ပါ။ (၄) အဆင့်မြင့်နိုင်ငံတော်တာဝန်ထမ်းဆောင်နေသူများ လစာအသုံးစရိတ်များ ခြိုးခြံချွေတာကြရန်နှင့် အခြေခံနိုင်ငံ့ဝန်ထမ်းများသာ တိုးပေးသင့်သည်တို့အနက် တစ်ခုကိုမဲပေးရွေးချယ်ရန်နှင့် အခြားမှတ်ချက် ပေးလိုလျှင်ပေးရန် စစ်တမ်းမေးခွန်းများတွင်ဖော်ပြထားသည်။အစိုးရသက်တမ်းလေးနှစ်အတွင်း ယခင်ဘဏ္ဍာနှစ် ၂ ကြိမ်ဆက် ကျပ်နှစ်သောင်းစီတိုးပေးခဲ့ပြီး လာမည့်ဘဏ္ဍာနှစ် (၂၀၁၅-၁၆)တွင် လစာတိုးပေးရေးနှင့် ပတ်သက်၍ အဆိုပါစစ်တမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအစိုးရဝန်ထမ်းမှာ ၁ ဒသမ ၅ သန်းခန့်ရှိပြီး တိုင်းပြည်လူဦးရေ၏ ၂ ရာခိုင်နှုန်းခန့်ရှိသည်။7 DaysCommentsVisit website
posted from Bloggeroid
No comments:
Post a Comment