Monday, December 29, 2014

သစ်တောက ၄ ဦး အပစ်ခံရ၍သေ



SSA ရွက်ဆစ် အဖွဲ့မှ ပစ်ခတ်မှုကြောင့် သစ်တောဝန်ထမ်း ၄ ဦး သေဆုံး

OppositeyesToday, 11:58 AMဒီဇင်ဘာ ၂၈ ရက်နေ့ ၃၀၁၄ ခုနှစ် လင်းခေးမြို့ ၀မ်ဆလောင်းတွင် SSA ရွက်ဆစ် အဖွဲ့ဝင် (၅) ဦးမှ လက်နက်ငယ် ကိုယ်စီဖြင့် ပိတ်ဆို့ပစ်ခတ်ခဲ့သဖြင့် သစ်တောဝန်ထမ်း (၄)ဦး သေဆုံးခဲ့ရကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမင်းနှင့် ၀န်ထမ်း (၆) ဦးတို့သည် လင်းခေးမြို့မှ ၀မ်ဆလောင်းသို့ တရားမ၀င် သစ်ခိုးထုတ်မှုများကို သွားရောက်ဖမ်းဆီးစဉ် ၀မ်ဆလောင်ရွာ၏ အရှေ့ ဘက် ကိုက် ၃၀၀ ခန့်အကွာ တောစပ်တွင် တရားမ၀င် ပိတောက်သစ်လုံး ၁၀၀၀ လုံး(ခန့်မှန်းတန်ချိန် ၃၀၀)ကို ဖမ်းဆီးသိမ်းဆည်းရန် တိုင်းတာ၍ ပြန်လာစဉ် လမ်းခရီး၌ SSA (ရွက်ဆစ်)အဖွဲ့မှ အဖွဲ့ဝင်(၅)ဦး မှ ရှေ့မှပိတ်ဆို့ တားဆီးကာ လက်နက်ငယ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ SSA (ရွက်ဆစ်)၏ ပိတ်ဆို့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် သစ်တောဝန်ထမ်းများမှာ လင်းခေးခရိုင်သစ်တော်ဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမင်း ၊ မိုးနဲသစ်တော ဦးစီးဌာန မှ တောခေါင်းဦးစစ်ထွေး ၊ လင်းခေးသစ်တောဦးစီးဌာနမှ တောခေါင်း ဦးသန်းထိုက်အောင် နှင့် ဦးဘိုမင်းတို့ ဖြစ်ကြောင်း၊ ၎င်း ပစ်ခတ်သတ် ဖြတ်မှုမှ ထွက်ပြေးလွတ်မြောက်ခဲ့သူ လင်းခေးသစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးခိုင်မွန် မှ ပြောကြားခဲ့သည်။မောင်ဇော်(လင်းခေး) CommentsVisit website

posted from Bloggeroid

No comments:

Post a Comment