
OppositeyesToday, 3:52 PMဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၄ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ နန်းထွက်ကွင်းသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရောက်ရှိလာပြီး ကျေးရွာများမှ ဆန်နှင့် ဆားများလာရောက်ကောက်ခံခဲ့ကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။“တစ်ရွာကို ဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းတယ်၊ ဦးတို့က မပေးနိုင်တော့ အစည်းအဝေးလုပ်ပြီး လိုင်ဇာဌာနချုပ်ကို ကန့်ကွက်စာပို့ခဲ့တယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။အဆိုပါအဖွဲ့အား ကျေးရွာများမှ လယ်သမားတစ်ဦးလျှင် ဆန်(၁)အိတ်၊ ဆား(၁)ပြည် ပေးဆောင်ရမည်ဖြစ် ကြောင်း ရွာသားတစ်ဦးထံမှ သိရှိရပါသည်။ “သူတို့ ရိက္ခာ၊ဆက်ကြေးငွေ ကောက်တာကို ကန့်ကွက်စာပို့တဲ့ကိစ္စသိသွားလို့ တို့ဒေသခံရှမ်းတိုင်းရင်းသားတွေ ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေပြုလုပ်လာတယ်၊ ဟိုနေ့က လိုင်ဇာဌာနချုပ်ကိုပို့လိုက်တဲ့စာ သူတို့ သိတယ်ပေါ့ ဘယ်သွားသွားဘယ်လာလာသတိထားနေပါ၊ မင်းတို့ရှမ်းတိုင်းရင်းသားတွေ အဓိကသတိထားနေ ”ဟု ခေါ်ယူပြောဆိုခဲ့ကြောင်း ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။ယခုလို KIA အဖွဲ့မှ ဆက်ကြေးကောက်ခံနေမှုအပေါ် KIA ဗဟိုဌာနချုပ်သို့ ကန့်ကွက်စာများပေးပို့ဆောင်ရွက် ခဲ့သည့်အတွက်ကြောင့် ဒေသခံရှမ်းတိုင်းရင်းသားများအား KIA အဖွဲ့မှ အသက်အန္တရာယ်ကိုခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာပြည်(မြောက်ပိုင်း)ရှမ်းတိုင်းရင်းသားရေးရာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ သည်။စိုင်းခွန်စစ်CommentsVisit website
posted from Bloggeroid
No comments:
Post a Comment