တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်း၌ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများအား အရှိန်မြှင့်တင်၍ စစ်ဆေးဖော်ထုတ် အရေးယူရန်လို
မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်အရေးယူလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ယနေ့အချိန်ထိ လိုင်စင်မရှိဘဲ ကုသနေသူများ ရှိနေဆဲဖြစ်သဖြင့် ပြည်သူ့ကျန်းမာရေး နှင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိနေခြင်းများကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လူတိုင်း နေ့စဉ် ကုန်ဈေးနှုန်း မြင့်တက်မှုများ၊ စီးပွားရေးအခက်အခက်များ ကြုံတွေ့နေရမှုကြောင့် ကျန်းမာရေးချို့တဲ့သူ၊ နာမကျန်းသူများသည် ယနေ့ခေတ် ဆေးဝါးကုသစရိတ်ကြီးမြင့်ခြင်းကြောင့် ငွေကြေးကုန်ကျမှု လျော့နည်းသည့် ပြင်ပဆေးခန်းများတွင် ပြသ၍ ဆေးကုသသူ များပြားလာခဲ့သည်။
အဆိုပါ ပြင်ပဆေးခန်းများထဲမှ အချို့သည် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများ ဖွင့်လှစ်ထားခြင်းဖြစ်၍ ဆေးကုသစရိတ်သက်သာခြင်းကြောင့် ဆေးကုသသူများပြားလာရာ ပြည်သူ့များ အသက်အန္တရာယ်ထိခိုက်မှု မဖြစ်စေနိုင်သည့်အတွက် လူတိုင်း သိရှိ၍ ရှောင်ကြဉ်ရန် လိုအပ်သည်။
‘‘ တိုင်းဒေသကြီးအတွင်း ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိပါတယ်၊ အဲဒီလို ဆေးခန်းတွေမှ ပြည်သူတွေ ကုသမိရင် အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေထိ ဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် ဥပဒေအရ တားမြစ်ထားတာပါ၊ အဲဒီလို လိုင်စင်မရှိဘဲ ကုသနေတဲ့သူတွေကို ဆေးကောင်စီ ဥပဒေပုဒ်မ(၄၁)အရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာပါ ’’ ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် ပြင်ပဆေးခန်းများကို မြို့ပေါ်မှ ဆေးကုသစရိတ် မတတ်နိုင်သူများသာမက ကျေးလက်နေ ပြည်သူ အများစု သွားရောက်၍ ကုသမှု ခံယူနေကြပြီး အနာ နှင့် ဆေး ကုထုံးလွဲမှားမှုများကြောင့် နှစ်စဉ် အသက်သေဆုံးရသည့် ဖြစ်စဉ်များ အများအပြားဖြစ်ပွားလျက်ရှိရာ အဆိုပါ ကိစ္စများ ဖြစ်ပွားမှု လျော့ကျနိုင်ရန် မြို့ပေါ်နေ ပြည်သူများ နှင့် ကျေးလက်နေ ပြည်သူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ကျေးလလက်ဒေသနေရာတချို့မှ ဆရာဝန်
မရှိသဖြင့် သားဖွားဆရာမများ ဆေးမှုးများ
မှလက်မှတ်မရှိဆရာဝန်မရှိ ကုသပေးနေ
သောနေရာများတွင်ဘဆရာဝန်များထား
ပေးရန်လည်း လိုအပ်ပါတယ် ကျွန်တော်
တို့ ဒေသတွေမှ ဆေးရုံရှိပါတယ် ဒါပေမဲ့
ဆရာဝန်မရှိဘူး ဆေးရုံဖွင်စကတော့ ဆရာ
ဝန်ရောက်လာပါတယ် အခုဆရာဝန်ပြန်
ပြေး တဲ့ နေရာမျိုးမှဆိုရင် ဆရာဝန်မရှိပေ
မဲ့  ဆရာမ ကုပေးတာကိုအရေးယူရင်
လက်ရှိခံစားနေရသော လူနာက သေရကိစ္စ
တွေနဲ့ ကြုံနေရပါတယ် အခုလည်းဆရာဝန်
မရှိပါဘူး ကျွန်တော်ဒေသကတော့ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်အတွင်း
ကတွင်းငယ်ကျေးလက်ဆေးရုံပါဟုဒေသခံ
တစ်ဦးမှပြောသည်။

posted from Bloggeroid
No comments:
Post a Comment