Monday, December 29, 2014

လူသစ် စုဆောင်းရေး အန္တရယ်



ထွက်ပြေးတိမ်းရှောင်လားဟူမိသားစုများအား NDAA(မိုင်းလား)အဖွဲ့၏ လူသစ်စုဆောင်းမှုအန္တရာယ်မှ ကာကွယ် ပေးရန်လိုအပ်

OppositeyesToday, 7:00 AM29.12.2014ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသော လားဟူမိသားစုများအား အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA(မိုင်းလား)အဖွဲ့၏ လူသစ်စုဆောင်းမှု အန္တရာယ် မှ ကာကွယ်ပေးရန် လိုအပ်နေကြောင်း ယင်းမိသားစုများထံမှ သိရသည်။အဆိုပါကျေးရွာသို့ အာလဲဖိုကျေးရွာနှင့် ကာလီလဲကျေးရွာအနီး တစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူ/ရွာသား ၁၄၁ ဦး ရောက်ရှိနေထိုင်လျက်ရှိကြောင်း လားဟူလူမျိုးခေါင်းဆောင်တစ်ဦးက ပြောသည်။“ ပြောင်းရွှေ့လာတာကတော့ ၁၄၁ ဦးရှိပြီပေါ့၊ အာလဲဖိုနဲ့ ကာလီလဲ ရွာတွေက ပြောင်းလာတဲ့ အင်အားကတော့ ၅၈ ဦး ရှိပါတယ်၊ ကျွန်တော်တို့ အရင်ရောက်လာတဲ့ မိသားစုတွေလည်း ရှိပါတယ် ” ဟု ဦးကျအားက ဆိုသည်။မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ-မိုင်းဖြတ်-မိုင်းယောင်း လမ်းကြောင်းအတိုင်း ဒီဇင်ဘာလလယ်ခန့်မှ စတင်ကာ ပြောင်းရွှေ့ လာသော လားဟူမိသားစုများမှာ အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၈၃ ဦးရှိကြောင်း သိရသည်။“ မိုင်းလားအဖွဲ့က အတင်းအဓမ္မလူသစ်စုဆောင်းလို့ ထွက်ပြေးလာကြတာပါ၊ ကိုယ့်အိမ်ကိုယ်ခြံတွေကို ဒီအတိုင်း ထားပစ်ခဲ့ရတာပေါ့၊ ဒီရွာရောက်နေပြီဆိုပေမယ့် မိုင်းလားအဖွဲ့ရန်ကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ် ” ဟု ထွက်ပြေး တိမ်းရှောင်လားဟူလူမျိုးတစ်ဦးက ပြောသည်။အဆိုပါ လားဟူလူမျိုးများ ပြောင်းရွှေ့လာမှုနှင့် ပတ်သက်၍ NDAA(မိုင်းလား)အဖွဲ့အနေဖြင့် အနိုင်ကျင့်မှု မရှိစေရေး နှင့် အတင်းအဓမ္မလူသစ်စုဆောင်းမှု မပြုစေရေးအတွက် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးမှူးမှ NDAA(မိုင်းလား)အဖွဲ့ ဆက်ဆံရေးတာဝန်ခံ စိုင်းရှန်အား ခေါ်ယူ၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။နေလင်းဦးCommentsVisit website

posted from Bloggeroid

No comments:

Post a Comment