Tuesday, December 30, 2014

MPTဆန္ဒပြခင် လာလုပ်နေပြီး


ကသာတွင် MPT ကို ဆန္ဒပြရန်စီစဉ်ပြီးနောက် တာဝါတိုင်များတွင် စက်များတပ်ရန် ဆောင်ရွက်

by ပိုင်စိုးDVB | DVBToday, 5:48 PMဖုန်းနဲ့ အင်တာနက်လိုင်းတွေ မကောင်းတာကြောင့် အမ်ပီတီကို ဆန္ဒပြဖို့ စီစဉ်နေတဲ့ ကသာမြို့မှာ ဆောက်လုပ်ပြီးတဲ့ ဂျီအက်စ်အမ် တာဝါတိုင်တွေမှာ စက်တွေ တပ်ဆင်ဖို့ မြန်မာ့ ဆက်သွယ်ရေးက ဆောင်ရွက်နေပါတယ်။“လက်ပံတောင်း ကိစ္စ မှိန်သွားမှာစိုးလို့ ကျနော်တို့ ဆန္ဒပြမှာကို နောက်ရွှေ့ ထားပါတယ်။’’ လို့ ဦးဆောင်စီစဉ်သူ ဟာဂျူလီ ကသာက ပြောပါတယ်။လက်ရှိမှာ ဂျီအက်စ်အမ်ဖုန်း တာဝါတိုင် ၂ ခုနဲ့ သုံးစွဲနေတာ ဖြစ်ပြီး နောက်ထပ် ၂ ခုအတွက် စက်ပစ္စည်းတွေရောက်နေပြီဖြစ်လို့ လာမယ့် ဖေဖော်ဝါရီ ၁၅ အတွင်း ဖွင့်လှစ်သွားမယ်လို့ ခရိုင်တာဝန်ခံ အင်ဂျင်နီယာက ခရိုင်စီမံခန့်ခွဲမှုကော်မတီကို ပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ပြီးတော့ ကသာမြို့ ရပ်ကွက် ၆ နဲ့ ၉ တွေမှာလည်း ဂျီအက်စ်အမ် ရေဒီယို ဘီတီအက်စ် စခန်းတွေ ထပ်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။ဂျီအက်စ်အမ်ဖုန်းတွေကို အင်တာနက်ပိုကောင်းအောင် 3G စနစ်ကိုလည်း မတ်လ ၃၁ ရက်အတွင်း ရအောင်ဆောင်ရွက်မယ်လို့လည်း အဲဒီစာမှာ ဖော်ပြထားပါတယ်။ကသာမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မကောင်းတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက  မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြမယ်လို့ စီစဉ်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ဖုန်းလိုင်း နည်းနည်း ပိုကောင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။The post ကသာတွင် MPT ကို ဆန္ဒပြရန်စီစဉ်ပြီးနောက် တာဝါတိုင်များတွင် စက်များတပ်ရန် ဆောင်ရွက် appeared first on DVB.CommentsVisit website

posted from Bloggeroid

No comments:

Post a Comment