Wednesday, December 31, 2014

ကလေးငယ်တွေ ကိုဘယ်လိုပြုပြင်မလည်း


Become a fanAbout UsMyanmar Latest NewsMyanmarLatestNews.com is a One-stop information source for all Myanmar latest news.HomeNewsJournalCelebritiesEntertainmentTechLifestyleSportDecember 31, 2014 10:43 amYou are here:Home Lifestyle ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း0

ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း

Posted by admin on December 30, 2014 ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်(၁) သင့်မှာရှိတဲ့အိပ်မက်တော်တော်များများကို သင်အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကိုအစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ သင့်စိတ်ကူးအိပ်မက်ပါ… ကလေးရဲ့စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။(၃) ကလေးတွေ ဆော့ကစားတဲ့အခါ သူတို့အ ချင်းချင်းကြားက ပြဿနာ/ အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။ သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊ သင်တစ်လှည့်အတူ ဖတ်ရှုပါ။(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။ တစ်ခါပတ်ရင် နှစ်နာရီအထက်ကြာပါစေ။(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ် မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်တာလုပ်ပါ။ ဒါမှ တန်ဖိုးထားမြတ်နိုးတတ်မှုကို သူသင်ယူနိုင်လိမ့်မယ်။(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။ မှတ်ထားရမှာက အပြစ်ပေးတယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင်၊ မလုပ်ချင်တာကို ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ်ညှိတာမျိုး မလုပ်မိစေနဲ့။(၁ဝ) ကလေးကြီးပြင်းလေး ချွတ်ယွင်းချက်တွေကို သင်တွေ့လေ…. ဒီလိုအချိန်မျိုးမှာ သူ့ကိုမွေးဖွားကာစအကြည့်မျိုးနဲ့ သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊ “နင် တုံးလှချည်လား! တခြားလူတောင်တတ်တယ်.. နင် ဘာလို့မတတ်ရတာလဲ”ဆိုတဲ့စကားမျိုးကို ဘယ်တော့မှ မပြောပါနဲ့။(၁၁) ကွန်ပြူတာကစားမှာကို မကြောက်ပါနဲ့။ တီဗီစွဲတဲ့ကလေးတွေ ကွန်ပြူတာစွဲတဲ့ကလေးထက်များတယ်။ ကလေးကို တီဗီအနားက ခွာပါစေ။ ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူလုပ်ပါ၊ တားမြစ်သူမဖြစ်ပါစေနဲ့။(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ်အရွယ်ကစ လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ သိမ်းဆည်းတာ၊ သုတ်သင်တာ(၁၃) စစချင်းမှာ ကလေးတွေရဲ့ ရမှတ် ရလဒ်ကို သိပ်အလေးမထားပါနဲ့။ သူ ကျောင်းနေပျော်မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို သင်တန်း၊ ကျူရှင်တွေကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊ ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ သီချင်းဆိုတာ ဒါတွေဟာ လူတိုင်းနှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီးသင်ပေးလို့ရပါတယ်။(၁၆) ဘဝတစ်သက်တာအသုံးဝင်မယ့် စိတ်ဝင်စားဖွယ်အရာကို သင်ပေးပါ။ ဥပမာ- ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ… ကျောင်းတက်၊ အတန်းတက်၊ ကျူရှင်တက်ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။(၁၇) လူအများနဲ့ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ ပင်ပေါင်..ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့အကျင့်ရှိပါစေ။(၁၈) ကလေးကိုချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တစ်ချိန်မှာ သူ့မိသားစုနဲ့ သူ့ကလေးကိုချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။ http://www.u148.net/article/22370.html နိုင်းနိုင်းစနေ ဘာသာပြန်သည်။Filed in: Lifestyle

About admin

View all posts by admin →

Leave a Reply

 Name (Required) Mail (will not be published) (Required) WebsiteSubmit CommentAnti-spam protectionProve that you are Human by typing the emphasized characters:OTVNZDGANHZQEWIWJOYRRLGK

Categories

CelebritiesEntertainmentHealth & BeautyJournalLifestyleNewsReligionSportTechTravelUncategorized© 2014 Myanmar Latest News. All rights reserved. XHTML /CSS Valid.

posted from Bloggeroid

No comments:

Post a Comment