Wednesday, December 31, 2014

တောင်သမာန် "အင်း"အောက်မြုတ်နေသောမြေယာများစိုက်ပျိုးခွင့်ရပြီး




"လယ်ယာမြေများပြန်လည်းစိုက်ပျိုးခွင့်ရရှိ
လာသော တောင်သမာန် "အင်း"
======================

ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြိဲ့နယ်
တောင်သမာန် အင်းကြီးအတွင်းကို ၁၉၉၆
ခုနှစ်က ငါးမွေးမြူရေးလုပ်ငန်းအတွက်
အင်းကြီးကိုလောင်ရေများထားရှိပြီး လုပ်
ကိုင်ခဲ့ ရာ ဒေသခံများ၏သာဘာဝစိုက်ပျိုး
မြေယာများ ရေအောက်ရောက်ခဲ့ သဖြင့်
စိုက်ပျိုးခွင့်မရခဲ့သောနေရာ ပြန်လည်းစိုက်
ပျိုးခွင့်ရှိသောလယ်ယာမြေများကိုတွေ့ရသည်။

ကျွန်တော်တို့ကတော့နှစ်စဉ် စိုက်ပျိုးခွင့်ရ
ပါတယ် ဒီနေရာက ကုန်းကျတော့ နှစ်စဉ်
စိုက်ပါတယ် တစ်နှစ်ကို နှစ်သီးဘဲစိုက်ခွင့်
ရှိပါတယ် တော်သလင်းလလောက်ကနေ
စစိုက်တာပါ ကျွန်တော်တို့ မြေဧရိယာအား
လုံးပေါင် ဘိုးဘွားပိုင်မြေကတောာ့ ၉ ဧက
ရှိပါတယ် အရင်နှစ်တွေက ၅ ဧကလောက်
ဘဲစိုင်ရတာ ဒီနှစ်တော့ ရေနည်းနည်းကျလို
၃ ဧကလောက်ပိုစိုက်ရပါတယ် ၁ ဧက
ကျော်လောက်ကရေအောက်မှာရှိသေတယ်
အများဆုံး မြေပဲ နှံ ပြောင်း ပန်းစိုက်တာ
များပါတယ် ဒီမြေတွေက ရေဝင်မြေတွေမို
ဘာစိုက်စိုက်ဖြစ်ပါတယ်လို ဒေသခံတောင်
သူကိုကျော်ဇင်ထွန်းကပြောသည်။

အဆိုပါကိစ္စများနှင့်ပက်သက်၍ တောင်သ
မာန် အင်းကြီး အလယ်တည့်တည့်တွင်
ထွန်ယက်စိုက်ပျိုးလျှက်ရှိသူ ဒေါ်ဝင်းရီ က
ကျွန်မအသက် ၅၀ ကျော်ပါပြီး ငယ်ငယ်က
မိဘများဖြစ်လိုက်လာခါ ဒီမြေတွေကို နှစ်စဉ် စိုက်ပျိုးခဲတာ နှစ်တော့မမှတ်မိတော့
ဘူး စစ်တပ်ကဒီအင်းထဲကို ဝါဆို ဝါခေါင်
ဝင်သည့် ဧရာဝတီမြစ်ရေများကို ပြန်မထွက်အောင် အမရပူရမြို့နယ် တံတား
ဖြူ ရေထိမ်းတံခါးကနေ ပိတ်ထားခဲ့သဖြင့်
၁၇ နှစ်လောက် စိုက်ပျိုးခွင့်မရခဲတာ ဒီနှစ်
အင်းဒိုင်က ရေရှော့ချထားလိုသာ စိုက်ပျိုး
ခွင့်ရတာပါ ရေအောက်မှာ ၅ ဧကလောက်
ကျန်ပါသေတယ် အင်းရဲမြောက်ဘက်ပါ
အဲဒီမြေတွေက လယ်စိုက်ပျိုးလိုရပါတယ်
အခုစိုက်ပျိုးရတာကတော့ ယာမြေပါဟု
ရွှေလွန်းကျေးရွာမှ တောင်သမာန် အင်း
အတွင်းလာရောက်ပြီးတောင်သူလုပ်သူ
ဒေါ်ဝင်းရီကပြောသည်။

အမရပူရမြို့တောင်သမာန် အင်းကြီး၏
ရေအောက်တွင် ဒေသခံတွေ၏မြေ ဧရိယာပေါင် ၂၀ ခန့် ကျန်ရှိနေသဖြင့် လက်ရှိ တောင်သမာန် အင်းကြီးကို ငါးမွေး
မြူရေးလုပ်ငန်းအတွက် လေလံဆွဲထား
သော ချစ်ခိုင်ကုမဏီမှာ တာဝန်ရှိသူ ဦးချစ်
ခိုင်ကို မေးမြန်ခဲ့ရာ
ကျွန်တော် ဒီတောင်သမာန် အင်းကြီးကို
လေလံစတင်ဆွဲဖြစ်ခဲ့တာက ဒီနယ်မြေက
ဒေသခံတောင်သူလယ်သမားတွေအတွက်
အခုလိုပြန်လည် စိုက်ပျိုးခွင်ရရှိရန်ရဲ
ဦးပိန်တံတားကို နိုင်ငံတကာ ကခရီသွား
ဧည်သည်တွေ ဆောင်ခိုးငှက်တွေ အတွက်
ရည်ရွယ်ပြီးမန္တလေးမြို့စည်ပင်သာယာရေး
ကော်မတီနှင့်ချစ်ခိုင်ကုမဏီတို့ အကျိုးတူ
စီးပွားအဖြစ် အရင် အင်းဒိုင် လက်ထဲကနေ
လေလံရအောင်ဆွဲပြီး သာဘာဝ သုံးရောင်
ချယ် အလှနဲ့ ပြည်စုံသော အင်းကြီးအဖြစ်
လုပ်ခဲ့တာပါ လက်ရှိ ရေအောက်ရောက်
နေသော လယ်မြေတွေ က ကျွန်တော်တို့
က ရေလောင်ထားတာမဟုတ်ပါဘူး
တံတားဖြူ ရေထိမ်းတံကားက တာဝန်ရှိသူ
ကပိတ်ထားဖြင့် အားလုံး မပေါ်သေတာပါ
ကျွန်တော်အနေနဲ့က အင်းဧရိယာ သူသာ
ဘာဝတိုင်း ဧက ၂၀၀ လောက်ဘဲရှိရင်ရ
ပါတယ် ကျွန်တော်ကတော့ အင်းအတွင်း
ရေလောင်မထားပါဘူး အင်းကိုလေလံဆွဲ
တာကိုက ဒေသခံတောင်သူတွေလုပ်စား
ခွင်ရအောင်လိုပါဟုဦးချစ်ခိုင်ကပြောသည်။

နှစ်ပေါင် ၁၇ နှစ်ကျော် ရေ လောင်ထားပြီး
ငါးများမွေးမြူခဲသော တောင်သမာန် အင်း
ကြီး အတွင်း ဧက ပေါင်း ၂၀၀၀ ကျော်
ရေမြုတ်ခဲသဖြင့်စိုက်ပျိုးခွင့်မရသော မြေ
များထဲ့မှာ အခု ဧက ၁၈၀၀ ကျော်အထိ
ပြန်လည် စိုက်ပျိုးထွန်ယက်နေသောမြင်
ကွင်ကိုတွေ့ရသသည်။





posted from Bloggeroid

No comments:

Post a Comment