Wednesday, December 31, 2014

မြို့သာစီမံကိန်းနှင့်နဘူအိုင်စီမံကိန်းသိမ်းထားသောမြေများရော်ကြေးကိုမူလတောင်သူများမရဟုဆို




"စီမံကိန်းအတွက်သိမ်းထားသောမြေယာ
များကိုကုမ္ဗဏီကလျော်ကြေးပေးသော်လည်း မူလပိုင်ရှင် များထံမရောက်ရှိဘဲ အလွဲသုံးစားလုပ်ခံရဟုဆို "

ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ဆီမီး
ခုံဒေသ မြစ်သားစက်မှုဥယျာဉ်စီမံကိန်နှင့်
နွားဘူးအိုင်စက်မှုဇုံစီမံကိန်တို့ ကသိမ်းယူ
ထားသော မြေယာများကိုကုမဏီများက
လျော်ကြေးပေးခဲ့သော်လည်းမူလလယ်ပိုင်
ရှင်များထံမရောက်ရှိဘဲ အုပ်ချုပ်ရေးမှူးတို့
ကမြို့နယ်မြေစာရင်ဌာနတွေနဲ့ ပေါင်ခါ
မြေယာပိုင်ဆိုင်ကြောင်း ပုံစံ(၇)ကိုသူတို့ အမည်များဖြင့်ဖေါင်ပြီး လျော်ကြေးများယူ
သွားသဖြင့် မူလပိုင်ရှင်ဖြစ်သော်ဒေသခံ
ကျေးရွာ များ ၅ ရွာပေါင်ပြီး ဒီဇင်ဘာလ ၃၁
ရက်နေ့  နေ့ ၁၂း၀၀နာရီအချိန်ကကြာကျန်
ကျေးရွာ ရွာဦးကျောင်းရှေ့တွင်သတင်းစာ
ရှင်လင်းပွဲပြုခဲကြသည်။ အဆိုပါစာနယ်ဇင်
ရှင်လင်းပွဲကို ကြာကျန်ကျေးရွာ ပင်လယ်
ကျေးရွာ သရက်ပင်ချို့ ပင်ကျေးရွာ တဲကြီး
ကျေးရွာ ငါနန်းကျေးရွာတို့ မှ အုပ်ချုပ်ရေး
မှူးမတရားလုပ်ခံထားရသဖြင့်ဒေသခံတော
င်သူအင်အား ၅၀ ကျော်တက်ရောက်ပြီး
မိမိ တို့ မြေယာများအား မတရားပြုခံရသည့် တောင်သူလယ်သမား
များ၏ ရင်ဖွင့်သံသိရှိခဲ့ရပါသည်။
ကျွန်တော်က ငါန်းဇွန်မြို့နယ်သရက်ပင်ချိုပင်ကျေးရွာကပါ
ကျေးရွာအုပ်ချုပ်ရေးမှူးဦးချစ်ရွှေကလယ်
ယာမြေခွင့်ပြုလက်မှတ်(ပုံစံ-၇)တွင် လုပ်
ပိုင်ခွင့်ရှိသူများ၏ အမည်ကိုရေးသွင်းရာ၌
မရိုးမသားနှင့် မမှန်မကန် ထပ်မံဖြည့်သွင်း
ရေးသားထားတာတွေကို တွေ့ ရှိရပါတယ်
လုပ်ပိုင်ခွင့်ရှိသူမူလပိုင်ရှင်ဖြစ်သောကျွန်တော်တို့ အမည်နေရာတွင် ရေးသွင်းထား
ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးဦးချစ်ရွှေ၏အမ
ည်နှင့် ၎င်း၏အကိုဖြစ်သူဦးသိန်းအေးတို့ ၏
အမည်တို့ကိုဖြည့်စွတ်ရေးသားထားပြီး၎င်း
၏သဘောဖြင့်မမှန်မကန်မရှိးမသားထပ်မံ
ဖြည်စွက်ရေးသားပြီး ဒေသခံတောင်သူတွေ
ကိုကုမဏီကလျော်ကြေးနစ်နာကြေးများကို
မိမိတစ်ဦးတည်ထုတ်ယူထားဖြင့်မူလပိုင်ရှင်
များဖြစ်သောဒေသခံများစုပေါင်ပြီးစာနယ်
ဇင်ရှင်လင်းပွဲပြုရတာဟုဦးထွန်းဝေကပြော
သည်။
တဲကြီကျေးရွာမှတောင်သူဦးတုတ်ကြီက
ကျွန်တော်ဒေသတွေကမဖွံဖြိုးပါဘူ အခုလို
စက်မှုဥယျာဉ်စီမံကိန်းနဲ့ စက်မှုဇုံတွေလာ
တော့ဝမ်းသာမိပါတယ် ဒါတွေကိုအခွင့်ကေ
ာင်းယူပြီး အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မြေစာရင်းဌာနတို့ကပူပေါင်ပြီး
ကျွန်တော်တို့ တောင်သူတွေပိုင်သောမြေ
ယာများကိုလိမ်ညာခါအခုလိုလုပ်သွားတာခံ
ရပါတယ် ကျွန်တော်မြေက ၅ ဧကပါတယ်
ဒေါ်ဋ္ဌေးခိုင်က ၇ဧက ဦးတိုးအေးက ၃ ဧက
ကျွန်တော်ရွာကပါ တဲ့သူတွေလည်းရှိပါတယ် ဒီပွဲကိုမလာရဲအောင်အုပ်ချုပ်ရေးမှူးကပြော
လိုတချို့ကမလာရဲပါဘူး ပင်လယ်ကျေးရွာ
ကဒေါ်ချစ်ဝင်းက ၆ ဧက ဦးကျော်စိုးက
ဧက ၅၀ ခန့် ၂ဧက ၃ ဧကပါသူတွေအများ
ကြီးရှိပါတယ် အခုခံရသောကျေးရွာ ၅ ရွာ
ကဒေသခံတွေက ကိုယ်မြေကိုဘယ်နဧက
ရှိတယ်ဆိုတာမပြောနိုင်သူတွေလည်ပါတယ် စက်မှုဇုံစီမံကိန်းကနစ်နာကြေးပေးတာ
ကိုအဆိုပါကျေးရွာ ၅ ရွာက အုပ်ချုပ်ရေးမှူ
းနဲ့ မြို့နယ်မြေစာရင်းဌာနတို့ကပူပေါင်ပြီး
လိမ်ညာလည့်ဖြားပြီလုပ်သွားကြတာကို
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်သမ္မတကြီး
ထံတိုင်စာများအကြိမ်ကြိမ်တင်ခဲ့တာ
ဘယ်သူမှဒီလိုကိစ္စတွေကိုလာရောက်ဖြေ
ရှင်ပေးတာမရှိပါဘူးဟုပြောသည်။
အဆိုပါပင်လယ်ကျေးရွာသားဖြစ်သူဆရာ
တော်တစ်ပါးဦးစန္ဒာသိရီက
ဦးဇင်လည်းမိဘများလက်ထက်ကလုပ်ကိုင်
စားခဲ့တဲမြေတွေပါတယ်ဒါပေမဲမြေယာတွေ
ကိုသိမ်းယူထားခြင်းများကိုမူလပိုင်ရှင်ဘယ်
ဆိုတာ စစ်မှန်သောအချက်အလက်များကို
စုံစမ်းစစ်ဆေးပေးစေလိုပါတယ် တရားမျှတ
အောင်လုပ်ပေးစေလိုပါတယ် အခုဟာက
တောင်သူအစစ်မှန်တွေ မရလိုပါဟုမိန်ကြား
ခဲ့သည်။
ကျွန်တော်က ဒီဒေသကပါဘဲဆီမီးခုံကျေးရွ
ာမှာနေပါတယ် ကျွန်တော်အမည်ကဦးကိုကိုပါ
LIOသင်တန်းတွေတက်ပြီး ကျွန်တော်က
ကိုယ်ဒေသတွေက ဒေသခံတောင်သူတွေ
အပေါ်မတရားမှု့များကိုကူညီဆောင်ရွက်
ပေးနေသူတစ်ဦးဖြစ်ပါတယ် အခုဖြစ်ရတာ
က ကုမဏီတွေက ဒေသခံတောင်သူတွေကို ကာလတန်ကြေး
နဲ့ ပေးလျော်သော်လည်း ကျေးရွာအုပ်ချုပ်
ရေးမှူးတွေက ဒေသခံတွေကိုမတရာလိမ်
ညာပြီးလုပ်ထားတာကို ကျွန်တော်ထံလာ
ရောက်အကူညီတောင်သဖြင့် လာရောက်
ကူညီပြီးစာနယ်ဇင်ရှင်လင်းပွဲပြုလုပ်ဖြစ်တာ
သက်ဆိုင်ရာအာဏာပိုင်များကိုလည်ဖိတ်ထားပါတယ် ဒီပွဲလုပ်ဖို့ အတွက် မြင်းခြံမြို့
နယ်အုပ်ချုပ်ရေးမှူးထံခွင့်ပြုမိန်တောင်ပြီး
လုပ်တာဖြစ်ပါတယ်ဟုပြောသည်။

posted from Bloggeroid

No comments:

Post a Comment