
နေ၀န်းနီ (မန္တလေး) - ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပြုပြင်တော့မယ်ဆိုရင် ....
by Aung HtetMoeMaKa Burmese NewsToday, 5:23 PMနေ၀န်းနီ (မန္တလေး) - ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပြုပြင်တော့မယ်ဆိုရင် ....(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄photo source : nikonrumors.comတလောက စာစောင်တခုမှာ မန္တလေးမြို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို နိုင်ငံခြားကုမ္မဏီတခုနဲ့ပူးပေါင်းပြီး ရှေးမူ၊ ရှေး လက်ရာမပျက်ပြုပြင်ထိန်သိမ်းမယ်လို့ ဖတ်လိုက်ရတယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုပြုပြင်ထိန်းသိမ်းတာဟာ မင်္ဂလာတပါးပါ။ ဝမ်းသာစရာကိစ္စပါ။ ဒါပေမယ့် သိပ်လည်းမဝမ်းသားရဲဘူး။(၁)လွန်ခဲ့တဲ့တလလောက်က မေမေရဲ့အမျိုးတွေမန္တလေးကို ဘုရားဖူးလာကြတယ်။ ဒါနဲ့ မေမေကလည်း ကျွန်တော့်ရုံးပိတ်တဲ့နေ့နဲ့တိုက်နေတော့ ဧည့်သည်တွေကို ဘုရားဖူးလိုက်ပို့ခိုင်းတယ်။ ဒါနဲ့ကျွန်တော်လည်း ဧည့်သည်တွေကို မန္တလေးရဲ့အထင်ကရနေရာတွေကိုလိုက်ပို့ပေးပြီး တခုခြင်းစီရဲ့သမိုင်းကြောင်းဖြစ်ပေါ်လာပုံကိုရှင်းပြလာခဲ့တယ်။ ဒါမှလည်း ဘုရားလည် မဖြစ်မှာပေါ့။ တနေကုန်ပါပဲ။ ညနေပိုင်းမှာတော့ တောင်သမန်မှာ အပန်းဖြေရင်း ငါးကြော်၊ ပုဇွန်ကြော်စားမယ်ဆိုပြီး ဧည့်သည်တွေကိုခေါ်လာခဲ့တယ်။ ဦးပိန်တံတားပေါ်လမ်းလျှောက်ရင်းတံတားရဲ့သမိုင်းကြောင်းကို ရှင်းပြရတော့တယ်။(၂)တံတားဆောက်လုပ်သောနှစ်က ၁၂၁၁ ခုနှစ် "အင်းကအော်အာ" ဆောက်လုပ်ခါလို့ မှတ်သားထားတယ်။ တံတားဆောက်လုပ်ပြီးသည့် နှစ် ၁၂၁၃ ခုနှစ် "အင်းကအော်ညီး"ဆောက်လုပ်ပြီးလို့ မှတ်သားထားကြတယ်။ တံတားကိုဆောက်လုပ်ရာ အချိန် ၂ နှစ်မျှကြာခဲ့တယ်။ ယခုဆိုလျှင် ဦးပိန်တံတားကြီးသက်တမ်းမှာ ၁၆၅ နှစ်ရှိလေပြီဖြစ်သည်။ တံတားရဲ့အရှည်မှာ ၃၉၇၆ ပေရှည်လျားသည်။ မြန်မာ့ဆောက်လုပ်ရေးအတတ်ပညာရှင်များက ခြေလှမ်းဖြင့်တိုင်းတာ၍ ဆောက်လုပ်ခဲ့သော မြန်မာမှုကျွန်းတံတားကြီးဖြစ်သည်။ ကမ္ဘာမှာ အရှည်ဆုံး ကျွန်းတံတားလည်းဖြစ်သည်။ ဦးပိန်တံတားက အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတ၊ ကမ္ဘာလှည့်ခရီးသွားများနေ့စဉ်လာရောက်ကြည့်ရှုအပန်းဖြေတဲ့နေရာ စသည်ဖြင့် ရှင်းပြလာခဲ့တာပေါ့။(၃)အခု ဦးပိန်တံတားကတော့ အရင်တုန်းကလိုမဟုတ်တော့ပေ။ အရင်းတုန်းက တိုင်လုံးတွေ မညီမညာ အတိုအရှည်နဲ့ အဝေးကနေလှမ်း ကြည့်လိုက်ရင် အလွန်ကြည့်ကောင်းတဲ့ ဦးပိန်တံတား။ အခုတော့ တာဝန်ရှိလူကြီးတွေက မညီမညာရှိနေတဲ့တိုင်တွေကို အတိုရှည်ညီအောင်ဆိုပြီး ဖြတ်ပြစ်တယ်။ ဒါကလည်း လှစေချင်လို့ပါ ရှေးမူမပျက်သေးပါဘူးလို့ စိတ်ထဲမှာဖြေသိမ့်ထားတယ်။ နောက်တခါကြတော့ အဲဒီ တာဝန်ရှိတဲ့လူကြီးတွေကပဲ တံတားက မကောင်းတော့တဲ့တိုင်လုံးတွေအစား ကွန်ကရစ်တိုင်နဲ့လည်းထားတယ်။ မြန်မာနိုင်ငံမှာ ကျွန်သစ်တွေ အဲလောက်ရှားကုန်ပြီလား။ မြန်မာမှု ကျွန်းတံတားကြီးကနေ ကွန်ကရစ်တိုင်တံတားဖြစ်တော့မယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်များမပြောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆို....သက်ပြင်းတချက်ချပြီးပြန်ခဲ့တယ်။အခုလည်းစာစောင်ထဲမှာ မန္တလေးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ရှေးမူ၊ ရှေးလက်ရာ မပျက်ပြုပြင်မယ်ဆိုတော့လေ....ထိုနည်း၎င်း .....ထိုနည်း၎င်းပဲလား ...ဒါမှမဟုတ် မန္တလေးမြို့ရဲ့အသည်းနှလုံးတွေကို ဆွဲဖြုတ်အုံးမလားတော့ မသိပေ။လေးစားလျှက်နေဝန်းနီ{မန္တလေး}CommentsVisit website
posted from Bloggeroid
No comments:
Post a Comment