Monday, December 29, 2014

ငါးဖမ်း စက်လှေ အဖမ်းခံရ



မန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့ တပ်မတော်(ရေ)မှ ပြန်လွှတ် ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြန်မာ ငါးဖမ်း စက်လှေ ပြန်လည် လက်ခံရရှိခဲ့

OppositeyesToday, 5:00 PMနေပြည်တော် ဒီဇင်ဘာ ၂၇ဟိုင်လုံ ကုမ္ပဏီမှ တိုးမြတ်အောင်(၉)နှင့် တိုးပွားအောင်(၈) အမည်ရှိ ငါးဖမ်းဝါးလတ် လှေနှစ်စင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပြင်သို့ ၅ မိုင်ခန့် ရောက်ရှိခဲ့ပြီး မောင်းနှင်နေစဉ် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် ရေတပ် စစ်ရေယာဉ်မှ တိုးမြတ်အောင်(၉) ငါးဖမ်း ဝါးလတ်လှေအား ဖမ်းဆီး သွားခဲ့ကြောင်း၊ တိုးပွားအောင်(၈) ငါးဖမ်း ဝါးလတ်လှေမှာ မိမိနိုင်ငံ ရေပြင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြောင်း ဒေသန္တရ ငါးဖမ်းလှေများမှ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်သို့ သတင်းပေးပို့မှုအရ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် တစ်စင်းကို ဖြစ်စဉ်ဖြစ်ပွားရာသို့ စေလွှတ်၍ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်နှင့် ဆက်သွယ်ပြီး တိုးမြတ်အောင်(၉) ငါးဖမ်းဝါး လတ်လှေအား ပြန်လည် လွှတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်မှ နှစ်နိုင်ငံ ရေတပ်ချင်း ချစ်ကြည် ရင်းနှီးမှုအရ ည ၁၁ နာရီတွင် တိုးမြတ်အောင် (၉) ငါးဖမ်း ဝါးလတ်လှေအား ပြန်လည်စေလွှတ် ပေး ခဲ့သည်။အဆိုပါ ငါးဖမ်းဝါးလတ်လှေနှင့် လှေသား ၂၃ ဦးအား စစ်ရေယာဉ်မှ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဓညဝတီ ရေတပ်စခန်း ဌာနချုပ်၊ ဆိပ်ခံတံတား၌ ကျောက်ဖြူခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစံအောင်ကျော် ဦးစီးအဖွဲ့မှ တစ်ဆင့် ဟိုင်လုံ ကုမ္ပဏီ ကိုယ်စားလှယ် ဦးတင်အောင်ထွေး ထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။CommentsVisit website

posted from Bloggeroid

No comments:

Post a Comment