Monday, December 29, 2014

နေပူတောင် စီမံကိန် ရပ်ပေးရန်ဒေသခံများဆန္ဒထုတ်ဖော်

နေပူတောင်စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒပြ

by ဒီဗွီဘီDVB | DVBToday, 9:12 PMရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အကောင်အထည်ဖော်နေတဲ့ နေပူတောင်စီမံကိန်းကို ရပ်ဆိုင်းဖို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က လူပေါင်း၂၅၀၀ ခန့် ချီတက်ဆန္ဒပြကြပါတယ်။ရခိုင်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ တောင်ကုတ်မြို့ဒေသခံတွေဟာ “နေပူတောင်စီမံကိန်း ချက်ခြင်းရပ်၊ ပွင့်လင်းမြင်သာမှုမရှိတာ လက်မခံ။ ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံကိန်းများ ချက်ခြင်းရပ်” အစရှိတဲ့ ကြွေးကြော်သံ ၁၀ ချက်ပါ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး မြို့ကိုလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြပွဲမှာ ဟောပြောရာမှာ ပါဝင်တဲ့  တောင်ကုတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးမင်းအောင်က နေပူတောင် စီမံကိန်းဟာ ဒေသခံတွေအတွက် လုံးဝအကျိုးမရှိလို့ ရပ်ဆိုင်းစေချင်တာဖြစ်တယ်လို့ ပြောပါတယ်။သူက“အကျိုးမရှိတဲ့အပြင် အစားထိုးပြန်မရနိုင်တဲ့ သယံဇာတဆုံးရှုံးမှုကြီးအဖြစ်မြင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပီပီပြင်ပြင်မရှိသေးတဲ့အချိန်မှာ အစိုးရက လက်ဦးမှုယူပြီးတော့ ရောင်းစားတယ်လို့မြင်တယ်။ စီမံကိန်းနဲ့ပတ်သက်ပြီးတော့ လူထုကို ပွင့်ပွင့်လင်းလင်းချပြီးတော့ ဒေသခံတွေရဲ့ သဘောတူညီမှုကို ယူခဲ့ခြင်းမရှိဘူး။ သဘာဝသယံဇာတ မာဘယ်ကျောက်တွေကို ကုန်ကြမ်းအဖြစ် ရောင်းစားမယ့်အစား ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်ပြီးတော့ ကုန်ချောဖြစ်အောင် စက်ရုံတွေ။ ဒီဒေသကလူတွေ အကျိုးရှိအောင် အလုပ်ရအောင်လုပ်ပေးပြီးတော့မှ ထုတ်တာက ပိုပြီးတော့ သင့်တော်တဲ့ဟာကို အခု တိုက်ရိုက် ကုန်ကြမ်းအဖြစ် ထုတ်တာတွေကို မကျေနပ်လို့ ဆန္ဒပြတာပါ။” လို့ ပြောပါတယ်။နေပူတောင်စီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာနနဲ့ ဗီယက်နမ်ကုမ္ပဏီတခုတို ဖက်စပ်ပြီး လွန်ခဲ့တဲ့ တနှစ်ခန့်က လုပ်ကိုင်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။The post နေပူတောင်စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒပြappeared first on DVB.CommentsVisit website

posted from Bloggeroid

No comments:

Post a Comment